Marketer တစ်ဦးဖြစ်လိုလျှင်..

 Marketer တစ်ဦးဖြစ်လိုလျှင်..

====================

(Professional Marketer ဖြစ်လိုသူများအတွက်သာ)

====================

Marketing Career ဆိုတာ လစာဝင်ငွေများစွာရှာနိုင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ U.S.NEWS & World Report ရဲ့ စစ်တမ်းတွေအရတော့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အလုပ်အကိုင်တွေ ထဲမှာ Marketing Manager Role ဟာ နံပါတ် (၁၄)နေရာမှာတည်ရှိနေပါတယ်။ Marketer တွေဟာ ဝင်ငွေကောင်းသလောက် အပြောင်းအလဲများတဲ့ ဈေးကွက်ကနေ လုပ်ငန်းတစ်ခုရဲ့ ‌အောင်မြင်မှုကို ရှာဖွေဆောင်ယူတဲ့နေရာမှာ အဓိကကျတဲ့အတွက် အလွန်ဖိအားများတဲ့ အလုပ်တစ်ခုပါဘဲ။ သင်က Marketing လုပ်ဆောင်ရတာကို အထူးနှစ်ကြိုက်သူဖြစ်မှ Professional Level တစ်ခုကို ရောက်ရှိနိုင်ပါလိမ့်မယ်။

Marketer


တစ်ကယ်လို့ သင်ဟာ Marketing လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါမှာ စိတ်ပျော်ရွှင်တယ်။ အလုပ်လုပ်ရလို့ ပင်ပန်းတယ်လို့ မခံစားရဘူးဆိုရင် သင့် အတွက် Marketing Career မှာအောင်မြင်နိုင်ဖို့ တစ်ဝက်သေချာနေပါပြီ။ ဝါဿနာက သူ့ကြီးသီးသန့်ဆို ဘာမှမလုပ်နိုင်ပါဘူး။ သူ့ကို အလေ့အကျင့် (Habit) တစ်ခုအဖြစ်ပြောင်းလဲနိုင်ဖို့လိုအပ်ပါတယ်။ Marketing ဆိုတာကလည်း ဝါဿနာတစ်ရပ်တော့ မဟုတ်ပါဘူး။ အလေ့အကျင့်တစ်ခုပါ။

အဲ့လို သင်ဝါဿနာရှိတာကို အလေ့အကျင့်တစ်ခု အဖြစ် ပြောင်းလဲနိုင်ဖို့ သင်ကိုယ်တိုင်ကြိုးစားပြီးလုပ်ဆောင်ဖို့လိုပါတယ်။ 


Marketing ဟာသင့်နေစဉ်ဘဝထဲက အလေ့အကျင့်တစ်ခု ဖြစ်လာဖို့ ....

1.Marketing နဲ့ပတ်သက်တဲ့ Degree ဒါမှမဟုတ် Diploma  သင်တန်းတစ်ခုခု Join ပါ။ (ယခုမှ စတင်သူများအတွက်)

2. Marketing နဲ့ပတ်သက်တဲ့  စာအုပ်တွေကို နေ့စဥ်ဖတ်ရှုပါ။ 

3. Marketing နယ်ပယ်က ကျွမ်းကျင်သူတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးပါ။ 

4. Seminar တွေ နဲ့ Webinar တွေကို အချိန်ပေးပြီး Join ပါ။  

5. ကိုယ့်လုပ်ငန်းနယ်ပယ်နဲ့ သက်ဆိုင်တဲ့ သုတေသနစာတမ်းတွေ ပြန်တမ်း ( Research & Report) တွေကို အချိန်ပေးဖတ်ရှုပါ။

ဒီအချက်တွေကို သင် အစဉ်တစ်စိုက်လုပ်ဆောင်လာနိုင်ပြီဆိုရင် သင့်ဆီမှာ Marketing ဟာ Habit တစ်ခုအနေနဲ့ ကိန်းအောင်းလာပါလိမ့်မယ်။ ဒီလိုဆို အမတန် ထူးချွန်တဲ့ Marketer တစ်ဦးဖြစ်လာမှာ အသေအချာပါဘဲ..။

Marketing Career နဲ့ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်လည်း Digitry က အမြဲအသင့်ရှိနေပါတယ်။


Comments