လုပ်ငန်းတစ်ခုအတွက် အရောင်းတတ်စေနိုင်တဲ့ နည်းလမ်း (AIDA Model)

လုပ်ငန်းတစ်ခုအတွက် အရောင်းတတ်စေနိုင်တဲ့ နည်းလမ်း

ဒီတစ်ခေါက်  ကျွန်တော်တို့ Digitry ကနေ Consumer Engagement Engine အကြောင်းကို knowledge အနေနဲ့  တင်ဆက်ပေးမှာဘဲဖြစ်ပါတယ်။

အရင်ဆုံး Consumer Engagement Engine အကြောင်းမပြောခင် Consumer Engagement ဆိုတာ ဘာလဲ ဆွေးနွေးကြတာပေါ့ ...

ရိုးရိုးလေးဘဲတွေးကြည့်လိုက်ပါ

ကျွန်တော်တို့ရဲ့ လုပ်ငန်းအဖွဲ့အစည်းတွေက ဘယ်လောက်ဘဲကြီးမားနေပါစေ Customer မရှိဘဲနဲ့ အဖွဲ့အစည်းက ဘယ်လိုမှ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် Customer နဲ့ လုပ်ငန်းအဖွဲ့အစည်းကြားမှာ ယုံကြည်မှုတစ်ခုတည်ဆောက်ထားတာကိုခေါ်ပါတယ်။

Engine ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း လိုရာခရီးကို အမြန်ရောက်ဖို့ တွန်းအားပေးတယ့် စွမ်းအင်တစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ကားတစ်စီးရွေ့လျားဖို့ အတွက် အင်ဂျင်က အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဲ့လိုဘဲ သင့် Brand ရဲ့ အနှစ်သာရကို Customer တွေ သိရှိပြီး လုပ်ငန်းပန်းတိုင်ကို ရှေ့ဆက်နိုင်ဖို့ Consumer Engagement Engine တွေက အထောက်အကူအများကြီးပြုပါတယ်။

1902 ခုနှစ်တုန်းက ပညာရှင် Elias St. Elmo Lewis သုတေသနလုပ်ခဲ့တဲ့ AIDA models ကို ကိုးကားပြီး လုပ်ငန်းမှာ Marketers တွေက Consumer Engagement တွေကောင်းလာ‌အောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

AIDA Model

AIDA Model


1. Attention- 

ပထမအဆင့်ဖြစ်တဲ့  Attention ကတော့ သင့် brand ကို Customer တွေရဲ့  စိတ်ဝင်စားမှုရရှိအောင် စွဲဆောင်တယ့်အဆင့်ဖြစ်တယ်။

ဥပမာပြောရမယ်ဆိုရင် cake ဆိုင်တစ်ဆိုင်မှာ Cake Design လှလှလေးတွေကို မှန်ဘောင်လေးနဲ့ခင်ကျင်းပြထားမယ်ဆိုရင် ဆိုင်ရှေ့ဖြတ်လျှောက်သွားတယ့် လူတွေရဲ့ ဝယ်ချင်စိတ်ကို ဆွဲဆောင်တယ့် အဆင့်ဖြစ်တယ်။


2. Interest

ဒီအဆင့်မှာဆိုရင် သင့်ရဲ့ brand ကို customer က စိတ်ဝင်စားလာတာမျိုးဖြစ်တယ်။

ခုနက Cake ဆိုင်ရှေ့ဖြတ်လျှောက်ရင်း Cake Design လှလှလေးတွေကို မြင်ပြီး စိတ်ဝင်စားလာတာမျိုး။


3. Desire 

တတိယအဆင့်ဖြစ်တယ့် Desire ကတော့ သင့်ရဲ့brand ကို စိတ်ဝင်စားလာပြီး ဝယ်ချင်စိတ်ဖြစ်လာတာမျိုးဖြစ်တယ်။

အပေါ်က ဥပမာနဲ့ပြောရမှာဆိုရင် Cake မုန့်လေးတွေကို စိတ်ဝင်စားလာပြီး စျေးနှုန်းလေးတွေကလည်း အသင့်အတင့်ဖြစ်နေမယ်ဆိုရင် ဝယ်ချင်စိတ်ဖြစ်လာတာမျိုးပါ။


4. Action

နောက်ဆုံးအဆင့်ဖြစ်တဲ့  Action က Cake လေးတစ်လုံးရောင်းရတာပေါ့ဗျာ။ အရေးကြီးတဲ့ အဆင့်ဖြစ်တယ်။ လူကြီးမင်းရဲ့ Brand ကို Customer က ဝယ်ယူပြီး နောက်တစ်ကြိမ်ထပ်ဝယ်ချင်တာမျိုးဖြစ်အောင် ထူးခြားကောင်းမွန်နေမယ်ဆိုရင် Royal Customer တစ်ယောက်ထပ်တိုးလာပြီဘဲဖြစ်ပါတယ်။ ခုနက ကိတ်မုန့်ဝယ်ချင်တဲ့လူက cake ​ေလေးကို ဝယ်စားကြည့်တဲ့အခါ အနံ့အရသာနဲ့ထူခြားပြည့်စုံနေမယ်ဆိုရင် သူ ကိတ်စားချင်တိုင်း အဲ့ဆိုင်လေးကို သတိရနေမှာမျိုးဖြစ်တယ်။


ဒီနေရာမှာ သင်တို့ရဲ့brand တွေကို အဆင့်လေးဆင့်လုံးနဲ့ စနစ်တကျ တည်ဆောက်ထားမယ်ဆိုရင် Customer တွေရဲ့ယုံကြည်မှုကို အပြည့်အဝ ရရှိမှာဘဲဖြစ်ပါတယ်။ 


Consumer Engagement နဲ့ပတ်သက်တယ့် knowledge လေးတွေကိုလည်း comment မှာ လွတ်လပ်စွာဆွေးနွေးဖလှယ်နိုင်ပါတယ်။ 

Comments