Brand အမျိုးအစားများ

 Brand အမျိုးအစားများ

သင့်အနေနဲ့ Brand တစ်ခုကို ပုံဖော်ဖန်တီးတော့မယ်ဆိုရင် သင်ဖန်တီးမယ့် Brand ဟာ ဘယ်လိုအမျိုးအစား Brand မျိုးလည်းဆိုတာ အရင်ဦးဆုံးသိထားဖို့လိုပါတယ်။ 

သင်ဘယ်လို Brand အမျိုးအစားကို ဖော်ဆောင်ရလဲဆိုတာ သိရအောင် ဒီအပတ်မှာတော့ Brand အမျိုးအစားတွေအကြာင်းကို ဖော်ပြ ပေးသွားပါမယ်။ 

Brand အမျိုးအစားများ


Personal Brand 

လူတစ်ဦးတစ်‌ယောက်အပေါ်အခြေခံတဲ့ Brand တည်ဆောက်ခြင်းမျိုးကို Personal Brand လို့သိနိုင်ပါတယ်။ "ကျော်ဟိန်းကတော့ လူတိုင်းကို မသိဘူး။ လူတိုင်းကတော့ ကျော်ဟိန်းကိုသိတယ်။" ဒီစကားကို အားလုံးကြားဖူးကြမှာပါ။ Personal Brand ဆိုတာက လူတစ်ဦးတစ်ယောက်ကို သူရဲ့ ဂုဏ်ပုဒ်တစ်ခုနဲ့  တွဲဖက်ပြီး လူအများက သိရှိယုံကြည်ကြတာမျိုးပါ။ ထူးအိမ်သင့်ကို မြန်မာပြည်က လူအားလုံးနီးပါး ပါရမီရှင်အဆိုကျော် လို့ သိရှိကြသလိုပေါ့။


Corporate Brand

လုပ်ငန်းအဖွဲ့အစည်းတစ်ခုအပေါ်အခြေခံတဲ့ Brand တည်ဆောက်ခြင်းမျိုးကို Corporate Brand လို့သိနိုင်ပါတယ်။ Corporate Brand က  စားသုံးသူ Consumer တွေအတွက် ရည်ရွယ်လုပ်ဆောင်တဲ့  Brand မျိုးမဟုတ်ပါဘူး။ Corporate Brand က  စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရပိုင်းဆိုင်ရာတွေ၊ အခြားသော လုပ်ငန်းအဖွဲ့အစည်းတွေ အပြင် NGO တွေနဲ့  ချိတ်ဆက်ဖို့ရည်ရွယ်လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ နောက်ပြီးတော့ အဓိကဦးတည်တာက လုပ်ငန်းရဲ့ ရှယ်ယာပိုင်ဆိုင်သူတွေ  နဲ့   လုပ်ငန်းရဲ့ဝန်ထမ်းတွေအဖို့ ခိုင်မာတဲ့ လမ်းညွန်မှုတွေကို ချမှတ်ပေးဖို့ဖြစ်ပါတယ်။ (အသေးစိတ်ကို ဖိုးသက်ရှည်ဆိုင်၏ ဥပမာနဲ့ တွဲဖက်၍ ရှင်းပြပေးပါမယ်)


Product Brand

ထုတ်ကုန်ပစ္စည်းတစ်ခုအပေါ်အခြေခံတဲ့ Brand တည်ဆောက်ခြင်းမျိုးကို Product Brand လို့သိနိုင်ပါတယ်။ Brand လို့ပြောလိုက်တာနဲ့ လူအများစုက Product Brand တွေကို တန်းမြင်ကြလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်‌တော့ ထုတ်ကုန်တစ်ခုအပေါ်မှာ Brand ဖော်ဆောင်ကြတာများပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက နာမည်ကြီးတာနဲ့ Brand ဖြစ်တာမတူပါဘူး။


Service Brand

ဝန်ဆောင်မှုတစ်ခုအပေါ်အခြေခံတဲ့ Brand တည်ဆောက်ခြင်းမျိုးကို Service Brand လို့သိနိုင်ပါတယ်။ Myanmar Net ကို အားလုံး ကြားဖူးကြမယ်ထင်ပါတယ်။ သူက Service Brand ပါ။ သူက သင့်စီကို ကုန်ပစ္စည်းလစဉ်ပို့ပေးတာမျိုးမရှိပေမယ့်သင်က လစဉ်ကြေးပေးဆောင်ရပါတယ်။ သူက သင့်ကို Internet Service ကို  လစဉ် ဝန်ဆောင်မှုပေးနေလို့ပါ။ 


Retail Brand 

Corporate Brand နဲ့ဆင်တူသလိုရှိပေမယ့် သူကတော့ အနည်းငယ်ခွဲပြားပါတယ်။ လက်လီအရောင်းဆိုင်တစ်ခုကို Brand အဖြစ်တည်ဆောက်ခြင်းမျိုးပါ။ ဒါကို ဖိုးသက်ရှည် Retail Brand တစ်ခုကို စိတ်ကူးနဲ့တည်ဆောက်ပြရင်း နောက်အပတ်တွေမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။


Comments