လုပ်ငန်းအောင်မြင်ဖို့ ဖန်တီးသင့်သော Content များ
ယခု Digital Marketing နယ်ပယ်မှာ အလွန်လူပြောများနေတဲ့ Content Marketing ဆိုတာကြီးကို သင်ဘယ်လိုနားလည်ထားပါသလဲ..?
Content Marketing လို့ပြောရင် အလွန်ကျယ်ပြန့်ပါသေးတယ်။ အဲ့ဒီ Content Marketing ဆိုတာထဲက Content ဆိုတာကိုဘဲ သင်ဘယ်လို နားလည်ထားပါသလဲ. ။ အဲ့လိုဆိုတော့ Brand Content Marketing အကောင်းဆုံးလုပ်ဆောင် နိုင်ဖို့ Content အကြောင်းကို အရင်ပြောပြလိုပါတယ်။
Content ဆိုတာဘာလဲ…?
Content ကို မူလ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကတော့ ကျေနပ်အားရသော (သို့) ပါရှိသည့် အကြောင်းအရာ စသဖြင့် တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။ သိုပေမယ့် Digital Marketing နယ်ပယ်မှာဆိုရင်တော့ Content ကို Website တစ်ခုမှ အဓိကပြသသော အကြောင်းအရာလို သိနိုင်ပါတယ်။ အကြောင်းအရာဆိုတာက စာရေးသားမှုတွေ၊ ရုပ်ပုံသရုပ်ဖော်ပြမှုတွေ၊ အသံပိုင်း ဆိုင်ရာ ဖန်းတီးမှုတွေ နဲ့ ရုပ်ပုံ Video တွေ ပါဝင်ပါတယ်။
အဲ့လိုဆို Content ဖန်တီးခြင်းဆိုရာနည်းလမ်းတွေ အရတော့ Content ကို အဓိက အားဖြစ် (1) Video (2) Photo (3) Word ဆိုပြီး အမျိုးအစား (၃) မျိုး ကို ပေါင်းစပ်အသုံးပြုပြီး အများဆုံး ဖန်တီးလေ့ရှိပါတယ်။ Content ဖန်တီးရာမှာ ဘယ်လို Content က လူတွေကို အများဆုံး ဆွဲဆောင်နိုင်တယ်ဆိုတာကို ဒီကနေ့ ပြောပြပေးသွားမှာပါ။
Video Content
Video Content တွေက လုပ်ငန်းတစ်ခုရဲ့ Audience ကိုဆွဲဆောင်ရာမှာ အလွန်အားပျင်းထိရောက်တဲ့ လက်နက်တစ်ခုပါ။ Video Content ဟာ အလွန်ထိရောက်ပင်မယ့်လို့ လုပ်ငန်းငယ်တွေ လုပ်ဆောင်နိုင်စွမ်း သိပ်မရှိကြပါဘူး။ အဲ့ဒါက စရိတ်များလို့ပါ။ Video Content တွေမှာ လည်း လူတွေကို ဆွဲဆောင်နိုင်မှု Attention ကိုလိုက်ပြီး ကျွန်တော်ကတော့ သုံးမျိုးခွဲထားပါသေးတယ်။
Live or Recorded Video
တစ်မျိုးကတော့ လူပုဂ္ဂိုလ်တွေ သုံးပြီး ရိုက်ကူးပုံဖော်ထားတဲ့ Video အမျိုးအစားပါ။ အဲ့ဒါကို ဖန်တီးတဲ့ အခါမှာ ကုန်ကျစရိတ်များပါတယ်။ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖန်တီးနိုင်မယ် ကိုယ်တိုင် Video Editing ပြုလုပ်နိုင်တယ်ဆိုရင်တော့ အင်မတန်ကောင်းပါတယ်။
Animated Video
ဒုတိယတစ်မျိုးက အခုနောက်ပိုင်း ခေတ်စားလာတဲ့ Animation လို့ခေါ်တဲ့ Animated Video ပုံစံမျိုး ပြုလုပ်တာပါ။ သူကလည်း လူစိတ်ဝင်စားမှုကို အတော်အသင့်ပေးနိုင်ပါတယ်။ စရိတ်အားဖြင့်လည်း ပထမတစ်မျိုးလောက် မများပါဘူး။
Video Slides Shows
တတိယ အမျိုးအစားကတော့ Video Slides Shows ပါ။ ဓာတ်ပုံတွေ အများကြီးကို စုစည်းပြီး အလိုလျှောက်ပြသတဲ့ ပုံစံမျိုးပါ။ ဒါမျိုးကတော့ အခုနောက်ပိုင်းမှာ သိပ်မခက် တော့ပါဘူး။ လူတိုင်းအလွယ်တစ်ကူပြုလုပ်နိုင်တဲ့ application တွေလည်းရှိနေပါပြီ။ ဒီ Video အမျိုးအစားသုံးမျိုးဟာ အခုနောက်ပိုင်းမှာ လုပ်ငန်းကို လူသိများလာအောင် လုပ်ဆောင်ရာမှာ အားပျင်းတဲ့ လက်နက်တွေပါဘဲ..
Photo Content
Photo Content တွေဟာ Content Marketing ပြုလုပ်ဖို့ ဆိုရင် မဖြစ်အနေ အသုံးပြုရတဲ့ အစိတ်အပိုင်းတွေပါ။ သို့ပေမယ် လူတွေရဲ့ စိတ်ကိုဆွဲဆောင်နိုင်မှုနဲ့ ဖန်တီးမှု ကုန်ကျစရိတ်ကို လိုက်ပြီး သုံးမျိုးခွဲခြားထားပါတယ်။
Photography
ပထမတစ်မျိုးကတော့ လူပုဂ္ဂိုလ်၊ ကုန်ပစ္စည်းတွေကို အသုံးပြုပြီး ဓာတ်ပုံပညာအားပြုပြီး ဖန်တီးထားတဲ့ Photography Content မျိုးပါ။ ဒီလို Photography ပုံစံက ပုံတွေထဲမှာ ဆွဲဆောင်မှုမြင့်မားပြီး အခြား Photo Design ဖန်တီးခြင်းထက် စရိတ်အနည်းငယ်ပိုနိုင်ပါတယ်။
Motion Graphics
ဒုတိယအမျိုးအစားက Motion Graphics ပါ။ သူကတော့ Photo မကျ Video လောက်လည်း ဆွဲဆောင်မှု မရှိတဲ့တစ်ခုပါ။ အဲ့ဒါကြောင့် ပုံလေးတွေ ရွေ့ပြီးပြတဲ့ Motion Graphics ကို Photo Content အဖြစ်ဘဲ ဖော်ပြပေးလိုက်တယ်။ အခုပိုင်းမှာတော့ Motion Graphics ကို လုပ်ငန်းကြီးတွေကဘဲ အဓိက ပြုလုပ်လေ့ရှိကြပါတယ်။
Graphics Design
တတိယတစ်ခုကတော့ လုပ်ငန်းတိုင်း ဖန်တီးရမယ့် Content အမျိုးအစားလို့ပြောချင်ပါတယ်။ သူကတော့ Graphics Design Photo ပါ။ ဒီအမျိုးအစားကို မြန်မာနိုင်ငံရဲ့ Digital Marketing နဲ့ Content Marketing နယ်ပယ်မှာ တွင်ကျယ်စွာ အသုံးပြုနေပါပြီ။ တစ်ချို့ဆိုရင်တောင် Photo Design ကောင်းတာဟာ Content Marketing ကောင်းတယ်လိုတောင် ယူဆနေကြတဲ့ လွဲမှားတဲ့ အမြင်တွေပါထွတ်ပေါ်လို့လာနေပါတယ်။
Word Content
Content လို့ပြောတာနဲ့ လူအများတန်းပြီး စဉ်းစားမိတာကတော့ စကားလုံးတွေနဲ့ ရေးသားဖန်တီးတဲ့ Word Content ပါ။ Word Content တွေဟာ Blog တွေ Articles တွေဖန်တီးရာမှာ အရေးပါလှသလို မည်သည့် Content မျိုးကို ဖန်တီးသည်ဖြစ်ပါစေ မဖြစ်မနေလိုအပ်ပါတယ်။ အားသာချက်ကတော့ မည်သူမဆို စာအရေးအသားကောင်းပါက ဖန်တီးနိုင်ပါတယ်။ စာရေးသားခြင်းမှာဖြစ်ပေါ်တဲ့ ဆွဲဆောင်မှုအကြောင်းကိုလည်း အနည်းငယ် ပြောပြလိုပါတယ်။
အဲ့လိုမပြောမီ အရောင်းအဝယ်သဘောတရားတစ်ရပ်ကို အရင်ဆုံး ရှင်းပြပါမယ်။ “လူတွေက လူတွေစီကဘဲ ဝယ်ချင်ကြတာပါ” ။ ”လူတွေနဲ့ဘဲ ပြောဆိုဆက်ဆံလိုကြတာပါ” ဒီအချက်တွေဟာ အင်မတန် အားပြင်းပါတယ်။ Bot တွေ Auto Reply တွေကို သူတို့မနှစ်သတ်ပါဘူး။ အဲ့လိုဘဲ Content Marketing နယ်ပယ်မှာ Word Content ဖန်တီးတော့မယ်ဆိုရင် လူတစ်ယောက်နဲ့ စကားပြောနေရတဲ့ပုံစံမျိုးကို သုံးပါ။ စက်ရုပ်တစ်ကောင်နဲ့ ပြောဆိုဆက်ဆံနေရတဲ့ပုံ မဖြစ်စေဖို့ သတိပြုသင့်ပါတယ်။ ရုံးမှာ အထက်လူကြီးကို ကြောက်ကြောက်လန့်လန့်နဲ့ တင်ပြရတဲ့ အစီရင်ခံစာမျိုးလည်း မဖြစ်ပါစေနဲ့။ ပြောလိုတာက Spoken Formats တွေကိုသာ သုံးပြီး Written Formats တွေကိုတော့ Report တွေ Newsletter တွေသာ သုံးဖို့အကြုံပြုလိုက်ရပါတယ်။
ဒီလောက်ဆို Content ဖန်တီးခြင်းအကြောင်းကို အနည်းငယ် သိရှိလောက်ပြီလို့ ယူဆပါတယ်။
ထင်မြင်ချက်များရှိရင်လည်း Comments ရေးပေးခဲ့လို့ရပါတယ်။
Digital Marketing နဲ့ပတ်သက်လို့ သိလိုတာများရှိရင်လည်း အချိန်မရွေး မေးခွန်း ပေးပို့ မေးမြန်း နိုင်ပါတယ်။ နောက်အပတ်မှာ ပြန်ဆုံကြပါမယ်။
Myat Paing Soe
Comments
Post a Comment