ကျရှုံးမှုကိုဦးတည်နေတဲ့ Marketing အယူအဆများ
(လုပ်ငန်းရှင်များအတွက်သာ)
သင်ဟာလုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေတဲ့သူတစ်ယောက်ဆို ဒီအချက်တွေက သင့်ကိုများစွာအထောက်အကူပြုမှာပါ။
၁။ ယှဉ်ပြိုင်လိုစိတ်ကင်းမဲ့ခြင်း။
ယှဉ်ပြိုင်လိုစိတ်ကင်းမဲ့ခြင်း (သို့) အနိုင်ယူလိုစိတ်ကင်းမဲ့ခြင်းက သင့်လုပ်ငန်းကို ကျဆုံးသွားစေနိုင်ပါတယ်။ Marketing ပြုလုပ်ပြီးတော့ အနိုင်မယူချင်လို့တော့မရပါဘူး။ Marketing ဆိုတာ အနိုင်ယူရတဲ့ Game ပါ။ အနိုင်ယူတယ်ဆိုတာက ပြိုင်ဘက်ရဲ့ လုပ်ငန်းအပေါ် အနိုင်ယူတာမျိုးမဟုတ်ပါဘူး။ Customer ရဲ့ စိတ်ထဲမှာအားလုံးထက်ပိုပြီး နေရာရအောင် ကြိုးစားပြီး အနိုင်ယူတာပါ။ အဲ့လိုယှဉ်ပြိုင်ရာမှာလည်း သင်က မှန်ကန်တဲ့ ပြိုင်ဘက်ကို ရွေးချယ်ယှဉ်ပြိုင်တက်ဖို့လိုပါတယ်။ သင်က တစ်တန်းဘဲရှိသေးပြီးတော့ ဆယ်တန်းကတစ်ယောက်နဲ့တော့ သင်ဘာဘဲပြိုင်ပြိုင်အနိုင်ရဖို့မရှိပါဘူး။ သင်ဟာ သင့်လုပ်ငန်းရဲ့ မှန်ကန်တဲ့ ပြိုင်ဘက်တွေနဲ့ အချိန်တိုင်းယှဉ်ပြိုင်နေဖို့လိုပါတယ်။ အင်အားကြီးသူနဲ့ မိတ်ဖွဲ့နေဖို့လိုပါတယ်။
၂။ လုပ်ငန်းပြုလုပ်ပြီး Marketing ကို စိတ်မဝင်စားခြင်း။
သင်ဟာလုပ်ငန်းတစ်ခုကို ပြုလုပ်ပြီး ငါကတော့ Marketing ကိုစိတ်မဝင်စားပါဘူး။ Marketing ကို Marketing Department က Marketer တွေပဲလုပ်ကြပါလိမ့်မယ်။ ငါကတော့ ငွေရေးကြေးရေးပဲစိတ်ဝင်စားတယ်။ ဒီလိုတွေးပြီး အလုပ်လုပ်နေတဲ့သူကတော့ အောင်မြင်ဖို့ခတ်ခဲပါတယ်။ Marketing ဆိုတာလုပ်ငန်းအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တဲ့ အတွက် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ မဖြစ်မနေစိတ်ဝင်စားဖို့လိုပါတယ်။
၃။ ဦးဆောင်သူ (Market Leader) ဖြစ်ပြီလို့ယူဆခြင်း။
Over Confident ဖြစ်နေသလိုပါပဲ။ ငါ့လုပ်ငန်းကဈေးကွက်ထဲမှာ ဦးဆောင်သူ (Market Leader)ပဲ။ ဒီလိုအတွေးမျိုးဝင်သွားပြီဆိုတာနဲ့သင်ဟာ သင်လုပ်ဆောင်နေကျ Marketing လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့တွန့်ဆုတ်လာပါလိမ့်မယ်။ဒါကဘာနဲ့အလားတူလည်းဆိုရင် ကလေးတစ်ယောက်ငါစာတွေတော်နေပြီ စာတွေရနေပြီလို့ စပြီးခံယူလိုက်တဲ့အချိန်မှာ သူ့ဟာ အရင်ကလောက်မကြိုးစားတော့ပါဘူး။ ဒီအချက်ဟာ ထိပ်ပိုင်းရောက်နေတဲ့လုပ်ငန်းတွေ ပြန်ပြီးကျရှုံးရခြင်းရဲ့ အကြောင်းတရားပါဘဲ။ ဒီအတွက် သင့်ဟာ ထိပ်ပိုင်းမရောက် ခင်လည်း ထိပ်ရောက်အောင်ကြိုးစားပါ။ ထိပ်ကိုရောက်ပြီဆိုလည်း ထိပ်မှာတည်မြဲနေအောင်ကြိုးစားပါ။ Marketing ကိုအစဉ်တစ်ဆိုက်လုပ်ဆောင်ပါ။
၄။ ရှိတဲ့ရလဒ်ကို ကျေနပ်အားရနေခြင်း။
ဒီတစ်ခုက နံပါတ်(၃) နဲ့မတူပါဘူးဗျ။ နံပါတ်(၃)က ထိပ်ရောက်နေလို့ လုပ်ဆောင်ချက်တွေလျော့ချလိုက်တာမျိုးပါ။ ဒါကတော့ "ငါတို့ကြိုးစားအားထုတ်မှုက လုံလောက်ပါပြီ။" ငါတို့အတွက် ရလဒ်တွေက အဆင်ပြေပါပြီ။" ဆိုတဲ့ စိတ်က Complacency (ရှိတဲ့ရလဒ်ကို ကျေနပ်အားရနေခြင်း) ဖြစ်တာမျိုးပါ။ Marketing လုပ်တဲ့အခါမှာ Complacency ဖြစ်နေလို့မရပါဘူး။ ဈေးကွက်ကအမြဲပြောင်းလဲနေသလိုယှဉ်ပြိုင်မှုတွေကလည်း အမြဲရှိနေမှာပါ။ အဲ့လိုComplacency က အချိန်လွန်မှ ပြန်ကုစားလို့မရတဲ့ အခြေအနေတွေပိုပြီးဖြစ်စေပါတယ်။ အဲ့ဒီအတွက် ရှိတဲ့ ရလဒ်နဲ့ကျေနပ်မနေဘဲ အမြဲတိုးတက်ဖို့လုပ်ဆောင်နေပါ။
Digitry Come All To Profits #Digitry #Digital_Marketing
Comments
Post a Comment