Marketer တစ်ဦး၏အခန်းကဏ္ဍ

 လူသတ်သမားကိုဖမ်းတဲ့ Marketer 

Criminal Profiler

သင်တို့အားလုံး ဆရာကြီး Arthur Conan Doyle ရဲ့ Sherlock Holmes စာအုပ်တွေနဲ့ ရုပ်ရှင်တွေကို ထိတွေ့မြည်းစမ်းဖူးကြမှာပါ။ Sherlock Holmes ဟာ Criminal Profiling ဆိုတဲ့ စကားလုံးမပေါ် မီထဲက Criminal Profiling ပြုလုပ်လာခဲ့တဲ့ ဇာတ်ကောင် The First Criminal Profiler လို့ဆိုရင်လည်းမမှားပါဘူး။ 

Criminal Profiling

Criminal Profiling ဆိုတာက  လူသတ်မှုတစ်ခုကို ကြည့်ရှုစစ်ဆေးပြီး လူသတ်သမားဖြစ်နိုင်ချေအရှိဆုံး သူရဲ့  ပုံပန်းသဏ္ဌန် (Profile)၊ အမူအကျင့်(Behavior)၊ အလေ့အထ(Habits)၊ လုပ်ဆောင်ချက် (Activity) စတာတွေကို အသေးစိတ်ဖော်ထုတ်ပေးတာမျိုးကို ဆိုလိုတာပါ။ Criminal Profiling ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က အများပြည်သူဘေးအန္တရာယ်များအောင် လူသတ်သမားကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ပါဘဲ။ Criminal Profiling လုပ်တယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ပေမယ့်လို့ Sherlock Holmes ကသူ့ရဲ့ အမှုတိုင်းအတွက် လူသတ်သမားရဲ့ တိကျတဲ့ Profile ကိုချပြနိုင်ခဲ့ပါတယ်။ သူ့လိုကျွမ်းကျင်မှုမျိုးရဖို့ လုံးဝမလွယ်ကူပါဘူး။ သို့ပေမယ့် ယနေ့ခေတ်မှာတော့ ဒီလိုစွမ်းဆောင်ရည်မျိုးနဲ့ လူသားတွေလည်းများစွာပေါ်ထွတ်လာခဲ့ပါပြီ။ Dr Henry Lee ဟာ သက်ရှိလူသား Sherlock Holmes အဖြစ်ထင်ရှားသလို ကျွမ်းကျင်မှုပြည့်ဝတဲ့ Criminal Profiler တွေလည်း များစွာ‌ပေါ် ထွက်လို့လာခဲ့ပါပြီ..။

Marketer


Marketer

အဲ့တော့  လူသတ်သမားကိုဖမ်းတဲ့ Marketer ဆိုတဲ့ကြောင်းကို   စပြောပါမယ်။ 

Marketer တစ်ဦးဟာလည်း ထိုနည်း၎င်းပါဘဲ။ Products (or) Service တစ်ခုရဲ့ Ideal Customer တစ်ဦးရဲ့  အမူအကျင့်(Behavior)၊အလေ့အထ(Habits)၊ လုပ်ဆောင်ချက် (Activity)၊ အလိုရှိမှု (Desire) စတာတွေကို စနစ်တကျဖော်ထုတ်ပေးရတာမျိုးပါ။ Marketer ရဲ့ ဒီလုပ်ဆောင်ချက် ဟာ Target Market တစ်ခုကိုဖန်တီးဖို့ဖြစ်သလို သူ့ရဲ့ ဈေးကွက်အုပ်စုထဲမှာပါဝင်တဲ့ သူတွေကို အကျိုးဖြစ်ထွန်းစေဖို့ပါ။ 

Roles of Targeting & Profiling

Targeting ရဲ့ အရေးပါပုံကို Criminal Profiling ရဲ့ အရေးပါပုံကို စံထားပြီး အနည်းငယ်ပြောပြပေးပါမယ်။ လူသတ်သမားကို ဖမ်းဖိဖို့ Criminal Profiling က တိကျဖို့အင်မတန်လိုအပ်ပါတယ်။ အဲ့လိုမတိကျဖူးဆိုရင် စောင့်ကြည့်ဖို့ သံသယတရားခံတွေများနေမှာဖြစ်သလို တရားခံအစစ်ကို ဖမ်းနိုင်ဖို့ဆိုတာကလည်း အချိန်တွေ ငွေတွေ လူအင်အားတွေ အများကြီးအသုံးပြုရမှာဖြစ်ပြီး ဖမ်းမိဖို့ကလည်း ရာခိုင်နှုန်းအင်မတန်နည်းပါးပါတယ်။ ဒီလိုပါဘဲ Target Market ဖော်ထုတ်ရာမှာလည်း Targeting က တိကျဖို့လိုအပ်ပါတယ်။ အဲ့လိုမတိကျဖူးဆိုရင် လွဲမှားတဲ့  Target Market အပေါ်မှာ လုပ်ဆောင်တဲ့ Advertising တွေ Promotions တွေဟာ ထိရောက်မှုမရှိတဲ့အပြင် အချိန်တွေ ငွေတွေ ဆုံးရှုံးရမှာပါ။  

Targeting  ဟာ Mass Market မှာရော Niche Market မှာပါ အရေးပါလှပါတယ်။ အဲ့ထဲကမှာ Niche Market အတွက်လုပ်ဆောင်တဲ့ Targeting ကပိုမိုတိကျဖို့လိုအပ်ပါတယ်။ 

အဲ့လိုဆို Sherlock Holmes ရဲ့ လုပ်ဆောင်ချက်တွေကို စနစ်တကျလိုက်လုပ်နိုင်ဖို့က Marketing ရဲ့ လုပ်ဆောင်ချက်တွေထဲကမှ Targeting ဆိုတဲ့ အစိတ်အပိုင်းတစ်ခုဘဲရှိပါသေးတယ်။ ဒါကိုကြည့်မယ်ဆို Marketing ဟာလုပ်ငန်းတစ်ခုမှာ ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာနဲ့ Marketer ကောင်းတစ်ယောက်ရဲ့ အရေးပါပုံကိုလည်း အနည်းငယ် သိရှိသွားမယ်လို့ ယူဆမိပါတယ်။

သင်ကရော သင့်ကိုင်ကွယ်တဲ့ လူသတ်မှုတစ်ခုရဲ့ Criminal Profiler ဆိုရင် သင့်အမှုက လူသတ်သမားကို သေချာ‌အောင်ပုံဖော်ပြီး အမိဖမ်းနိုင်မှာလား..? 

ဒါမှမဟုတ်ဘဲ လူတိုင်းကို သံသယရှိသူအဖြစ်လိုက်ပြီးသတ်မှတ်နေမှာလား..?

Mass Market နဲ့ Niche Market အကြောင်းကို နောက် Articles တွေမှာဖော်ပြပေးသွားပါမယ်။

Digitry ရဲ့ ကောင်းနိုးရာရာ ဆောင်းပါးတွေကို အစဉ်ဖတ်ရှုနိုင်ဖို့ Digitry Facebook Page နဲ့ အခြားသော Viber ၊ Telegram Channel တွေကိုလည်း Join ထား‌ပေးပါအုံးနော်..။

Telegram Channel

https://t.me/digitrymarketing


Viber Channel 

bit.ly//digitrymarketingviber


Comments