Meta က သင့် Ad တွေကို ဘယ်မှာပြသပေးတာလဲ..?
သင့်အနေနဲ့ Meta မှာ သင့်လုပ်ငန်းအတွက် Ad တွေပြုလုပ်ရင်ဘဲ ဖြစ်ဖြစ် Post တွေကို Boosting ပြုလုပ်ရင်ဘဲဖြစ်ဖြစ် Meta က သင့် Ad တွေကို ဘယ်လိုနေရာတွေမှာပြသပေးတယ် ဆိုတာ သိထားဖို့လိုအပ်ပါတယ်။
ဒီအတွက် Meta ရဲ့ Placements အကြောင်းအရာလေးတွေကို ဒီကနေ့ ပြောပြပေးသွားမှာပါ..
Meta Placements
Meta က သင့် Ad တွေကို Facebook, Instagram, Audience Network, Messenger ဆိုတဲ့ Platform လေးခုမှာ အဓိက ပြသပေးပါတယ်..။
Meta ဟာ သင့်ရဲ့ Ad တွေကို သူ့ရဲ့ အအောင်မြင်ဆုံးထုတ်ကုန်တစ်ခုဖြစ်တဲ့ Facebook ရဲ့ Facebook Feed, Facebook Marketplace, Facebook search results, Facebook in-stream videos Facebook video feeds, Facebook Reels, Facebook Stories, Facebook right column နဲ့ Facebook Business Explore စတဲ့နေရာတွေအားလုံးမှာ ပြသပေးပါတယ်။ ဒီလိုပြသပေးမှုဟာ အလွန်အင်မတန်ထိရောက်မှုရှိပါတယ်။
Meta ရဲ့ နောက်ထပ် Social Network တစ်ခုဖြစ်တဲ့ Instagram Platform မှာလည်း သင့်ရဲ့ Ad တွေကို ပြသပေးပါတယ်။ Instagram ရဲ့Instagram Feed, Instagram Stories, Instagram Reels, Instagram Explore, နဲ့ Instagram Shop စတဲ့နေရာတွေမှာပြသပေးတာပါ။ သို့ပေမယ့် သင့်လုပ်ငန်းမှာ Instagram Account တစ်ခုရှိဖို့တော့လိုအပ်ပါတယ်။
Messenger
နောက်ထပ်ပြီး Meta ရဲ့ Instant message Services Application တစ်ခုဖြစ်တဲ့ Messenger မှာဆိုရင်လည်း သင့်ရဲ့ Ad တွေကို ပြသပေးပါတယ်။ သင့်လုပ်ငန်းရဲ့ Ad တွေကို သင့်လုပ်ငန်းရဲ့ ထုတ်ကုန်ဝန်ဆောင်မှုကို အလိုရှိနေကြသူတွေရဲ့ Messenger inbox မှာလည်းပြသပေးပါတယ်။ ဒီအချက် ဟာ သင့် Customer ဖြစ်လာနိုင်ချေရှိသူတွေ အလွယ်တကူသင့်ထံစာပို့ပြီး မေးမြန်းရနိုင်ဖို့များစွာအထောက် အကူဖြစ်ပါတယ်။
Audience Network
Audience Network ဆိုတာက Meta က ပိုင်ဆိုင်တဲ့ Digital Space တွေမဟုတ်ပါဘူး။ Meta ကို သူတို့ရဲ့Digital Space တွေမှာ လာရောက်ပြီး Ad တွေ ပြသနိုင်ပါတယ်လို့ ချိတ်ဆက်ထားတဲ့ သူတွေရဲ့ Website တွေ၊ In-stream videos တွေ၊ Instant Articles တွေနဲ့ Applicationတွေမှာ ပြသပေးတာမျိုးပါ။
ဒီအချက်တွေကို သိထားမယ်ဆိုရင် သင့်လုပ်ငန်းအတွက် Ad တွေဖန်တီးတဲ့အခါမှာဘဲဖြစ်ဖြစ် Post တွေကို Boosting ပြုလုပ်တဲ့အခါမှာဘဲဖြစ်ဖြစ် ပိုမိုထိရောက်တဲ့ ရလဒ်တွေကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်။
Myat Paing Soe
Comments
Post a Comment