ဖိုးသက်ရှည်ရဲ့ Digital Marketing လုပ်ဆောင်ခြင်း
မြို့တွင်းကဝယ်ယူသူတွေအပေါ် စေတနာအပြည့်နဲ့ ရောင်းချပေးနေတဲ့ ဖိုးသက်ရှည်ဆေးဆိုင်မှာလည်း Digital Marketing ကိုစနစ်တကျလုပ်ဆောင်ပါတယ်။ သူတို့ဘယ်လို ရည်ရွယ်ချက်နဲ့ Digital Marketing လုပ်ဆောင်တာလဲ..? ဘယ်လိုမျိုးတွေလုပ်ဆောင်သလဲဆိုတာ ဒီကနေ့ပြောပြပေးသွားမှာပါ။
Digital Marketing
Objective ( ဘာလို့ Digital Marketing လုပ်ဆောင်ရတာလဲ..?)
ဖိုးသက်ရှည်ဆိုင်ရဲ့ Digital Marketing လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ဟာ အင်မတန်မှစိတ်နှလုံးအေးချမ်းရပါတယ်။ သူတို့ဟာ သူတို့ရဲ့ အဖိုးတန်ဝယ်ယူသူတွေကို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ Digital Marketing လုပ်ဆောင်တာပါ။ ဆိုလိုတာက ဝယ်ယူသူတွေ ဆေးဝါးနဲ့ပတ်သက်ပြီးအမှားမကြုံရအောင်၊ ဆေးအတုအပတွေကြောင့် ဘေးထွက်ဆိုးကျိုးတွေမကြုံရအောင်၊ နေ့စဉ်ဘဝမှာ ကျန်းမာကြံ့ခိုင်စွာ နေထိုင်နိုင်အောင် စတဲ့ အကူအညီပေးဖို့ပါ။
Digital 360 Surrounding (Digital Media များတွင် နေရာယူခြင်း)
ဖိုးသက်ရှည်ဆေးဆိုင်ဟာ Digital Media တွေမှာနေရာအပြည့်အဝယူထားပါတယ်။ သူတို့မှာ phoethetshay.com ဆိုပြီး website တစ်ခုတည်ဆောက်ထားပါတယ်။ အဲ့ website မှာ ဖိုးသက်ရှည်ဆိုင်နဲ့ ပတ်သတ်ပြီး လူအများသိရှိဖို့လိုအပ်တဲ့ အကြောင်းအရာတွေကို တင်ပေးထားပါတယ်။ ဖိုးသက်ရှည် ဟာဘယ်သူဖြစ်တယ်။ ဘာတွေလုပ်ဆောင်တယ်။ ဘယ်လို Value တွေကို ပေးဖို့ရည်ရွယ်တယ်.စသဖြင့် ရေးသားဖော်ပြထားပါတယ်။ နောက်ပြီး မြို့ထဲက လူအများအသုံးပြုလေ့ရှိတဲ့ Social Media တွေကို ရှာဖွေထုတ်ဖော်တယ်။ ဖိုးသက်ရှည်ဆိုတဲ့ နာမည်နဲ့ Facebook Account, Instagram Account, Tik Tok Accounts, YouTube Channel တွေ စသဖြင့် စနစ်တကျ တည်ဆောင်ထားပါတယ်။
Content Marketing လုပ်ဆောင်ခြင်း
ဖိုးသက်ရှည်ဆိုင်ဟာ Content Marketing ကိုလည်းစနစ်တကျလုပ်ဆောင်ပါတယ်။ သူရဲ့ Content Marketing ဟာအင်မတန်မှ စနစ်ကျပြီး သူရဲ့ Objectives ကို အင်မတန်ထိမိတယ်။ မဟာဗျူဟာလည်းကျတယ်။
ဘာလို့အဲ့လို ပြောတာလဲဆိုတော့က သူရဲ့ ဖန်တီးထားတဲ့ Content တိုင်းဟာ လုပ်ငန်းအတွက် အရောင်းတိုးပြီး အကျိုးရှိဖို့မရည်ရွယ်ဘဲ သူရဲ့ ဝယ်ယူသူတွေကို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ ရည်ရွယ်ဖန်တီးထားတာတွေဘဲဖြစ်လို့ပါ။
ဘယ်လိုတွေဖန်တီးထားလဲဆိုတာဆက်ပြီး ဖတ်ရှုကြည့်ပါအုံး..
အပတ်စဉ် Sunday ညဘက်တွေမှာဆို ဆရာဝန်လေးဇော်မျိုးရဲ့ ကျန်းမာခြင်းအမေးအဖြေ Live ထုတ်လွှင့်မှုတွေ၊ အပတ်စဉ် Saturday တွေမှာ အနာနဲ့ဆေးတည့်အောင်ပေးဆိုတဲ့ အစီအစဉ်နဲ့ 15min စာ Video လေးတွေ၊ အပတ်စဉ် Monday မှာဆိုရင် FDA approved ဖြစ်တဲ့ ဆေးတွေရဲ့ဈေးနှုန်း Prices List post လေးတွေ၊ နောက်ထပ်ပြီး ဆေးဝါးဆိုင်ရာဆောင်းပါးတွေ ကမ္ဘာမှာစမ်းသပ်နေတဲ့ ဆေးဝါးတွေအကြောင်း စတာတွေကို သူရဲ့ Website နဲ့ Social Media တွေမှာ စနစ်တကျတင်ဆက်ပေးနေတာပေါ့ .. ဖိုးသက်ရှည်ဆိုင်ရဲ့ Content Marketing ဟာ ဘယ်လောက် မဟာဗျူဟာလည်းကျသလဲဆိုတာ ပြောနေစရာမလိုတော့ပါဘူး။
Digital Support
ဖိုးသက်ရှည်ဆိုင်ရဲ့ အားသာချက်တစ်ခုက သူဟာ Customer Services ကိုအထူးအလေးပေးဆောင်ရွက်ထားပါတယ်။ ဆိုင်မှာလာရောက် ဝယ်ယူသူတွေကို အလွန်အလေးထားဆက်ဆံသလိုမျိုးဘဲ.. online ကနေလည်း ဆေးဝါးနဲ့ပတ်သက်ပြီးသိလိုရာမေးမြန်းနိုင်သလို online ဝယ်ယူမှုအတွက်လည်း နေ့ချင်းပို့ဆောင်ပေးပါတယ်။
Digital Marketing အပေါ် ငွေကြေးသုံးစွဲမှု
ဖိုးသက်ရှည်ဆိုင်ဟာ ကြော်ငြာ Budget အမြှောက်အများမသုံးစွဲပါဘူး။ သူဟာ ကြော်ငြာအပေါ်မှာ ငွေကြေးသုံးစွဲဖို့ထက် သူရဲ့ ဝယ်ယူသူ Customer တွေအတွက် အကျိုးစေမယ့်အစီအစဉ် ဖန်တီးခြင်းအပေါ်မှာဘဲ ငွေကြေးသုံးစွဲမှုကိုဘဲ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့်သူဟာ အခြားလုပ်ငန်းများထက် ပိုမိုကျော်ကြားပါတယ်၊။ ဘာလို့လဲဆိုတော့ သူရဲ့ ဖောက်သည်တွေဟာ သူ့ကို အမြဲကြော်ငြာပေးနေလို့ပါ..။
Myat Paing Soe
Comments
Post a Comment