Brand Content ဖန်တီးခြင်းဆိုင်ရာ Factor များ
Social Media Marketing ကို အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ အောက်က အကြောင်းအရာတွေအပေါ်အခြေခံပြီး Content ကောင်းများ တည်ဆောက်သင့်ပါတယ်။ ဒီအကြောင်းအရာတွေပါတဲ့ Content တွေကိုတော့ Video နဲ့ဘဲ ဖန်တီးတာဘဲဖြစ်ဖြစ် Photo Design တွေနဲ့ဖန်တီးတာဘဲ ဖြစ်ဖြစ် စာနဲ့ရေးသားမျှဝေတာဘဲ ဖြစ်ဖြစ် စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်။
Promotion Factor
လုပ်ငန်းရောင်းအားမြင့်တက်ဖို့အတွက် ရည်ရွယ်ပြီး ကိုယ့်လုပ်ငန်း ထုတ်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အကြောင်းအရာတွေ အပေါ် အခြေခံပြီး Content တည်ဆောက် ခြင်းမျိုးပါ။ (E.g. Products, Services, Sales, Discount)
Connection Factor
လုပ်ငန်းလုပ်ဆောင်ချက်တွေ Customer တွေရဲ့တုံ့ပြန်မှုတွေအပေါ် အခြေခံပြီး Content တည်ဆောက် ခြင်းမျိုးပါ။ (E.g. Products Reviews, Business Activities, Customer Features)
Inspiration Factor
သိပ္ပံဆိုင်ရာအချက်အလက်တွေ ကမ္ဘာကျော်တွေရဲ့ အဆိုအမိန့်တွေ အောင်မြင်သူတွေရဲ့ ဇာတ်လမ်းတွေအပေါ် အခြေခံပြီး Content တည်ဆောက် ခြင်းမျိုးပါ။ (E.g. Facts, Quotes, Success Stories)
Conversation Factor
လုပ်ငန်းရဲ့ Customer (သို့) Prospect ကို Action တစ်ခုလုပ်ဆောင်ရန် ဆွဲခေါ်သော အကြောင်းအရာများ အပေါ် အခြေခံပြီး Content တည်ဆောက်ခြင်းမျိုးပါ။ လုပ်ငန်းကြီးများကတော့ Conversation Factor အပေါ်အခြေခံပြီး Campaign များစနစ်တကျ တည်ဆောက်ကြပါတယ်။ (E.g. Question, Fill in the blank, Quiz)
Entertainment Factor
လုပ်ငန်းရဲ့ Customer (သို့) Prospect ကို အပန်းဖြေစေဖို့ အမောပြေစေဖို့ အတွက် ရည်ရွယ်ဖန်တီးသော Content မျိုးပါ။ ((E.g. Fun, Joke, Meme. Giveaway)
Education Factor
ကိုယ့်ရဲ့ Customer တွေကို ကိုယ့်ကုန်ပစ္စည်း ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း သတင်းအချက်အလက်မျှဝေခြင်း ဆိုတဲ့ အကြောင်းအရာအပေါ် မှာ Content တည်ဆောက် ခြင်းမျိုးပါ။ (E.g. Article, Information, Report)
Comments
Post a Comment