Digital Marketer ကောင်းတစ်ဦးဆိုတာ...

 

ဒီအချက်တွေမပြည့်စုံရင်တော့ Digital Marketer လို့မခေါ်ပါနဲ့ ..

Digital Marketer


လုပ်သားဈေးကွက် HR Market မှာ လွဲမှားတဲ့ အလုပ်ခေါ်စာတွေများစွာကို တွေ့ရှိလာရတဲ့ အတွက် ဝမ်းနည်းစွာနဲ့ ဒီစာကို ရေးလိုက်ရတာပါ။ အခြားဘယ်လို ရည်ရွယ်ချက်မျိုးမှ မရှိပါဘူး။ အလုပ်ရှင်၊ Human resources manager တွေနဲ့ Digital Marketer အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများကို Digital Marketer တစ်ဦးရဲ့ အဓိကကျတဲ့ အခန်းကဏ္ဌာနဲ့ လုပ်ဆောင်ရတဲ့ အချက်တွေကို အနည်းငယ် တင်ပြပေးသွားပါမယ်။  အဲ့လိုမတင်ပြမီ Digital Marketer ဆိုတာဘယ်သူလဲဆိုတာ အရင်သိထားဖို့လိုပါတယ်။

Digital Marketer ဆိုတာဘယ်သူလဲ???

Company ဒါမှမဟုတ် ကုန်ပစ္စည်းဝန်ဆောင်မှုတစ်ခုကို Digital Spaces ကနေ Digital Brand တစ်ခုဖြစ်အောင် ပုံဖော်ဖန်တီးသူကို Digital Marketer လို့ခေါ်ပါတယ်။

Digital Marketer ကဘာတွေလုပ်ရတာလဲ????

Digital Marketer ဟာ Digital Spaces ကနေတဆင့် Marketing Campaign တွေ ဖန်တီးပြီးတော့ Brand ကို Prospect အကြားမှာ Awareness ဖြစ်စေပြီးတော့ အလားအလာရှိတဲ့ ဝယ်ယူသူများ ဖြစ်လာစေဖို့ လုပ်ဆောင်ရတာပါ။

ဒီအချက်ကိုလုပ်ဆောင်နိုင်ဖို့ ဒီထက်ပိုပြီးအနည်းငယ်အသေးစိတ်ပြောပြပေးပါမယ်။ Digital Marketer တစ်ဦးက ဒါတွေလုပ်ဆောင်နိုင်ရပါမယ်။

1. Digital marketing strategy ရေးဆွဲချမှတ်နိုင်ခြင်း။

 ဒါဟာနံပါတ်(၁)လိုအပ်ချက်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ အလုပ်ကို စနစ်တကျအစီအစဉ်ချမှတ်ပြီး လုပ်ဆောင်နိုင်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုအစီအစဉ်ကျလုပ်ဆောင်ရာမှာလည်း ချမှတ်တဲ့ အစီအစဉ်ဟာ လုပ်ငန်းအောင်မြင်ဖို့ ရှေးရှုတဲ့ မဟာဗျူဟာမြောက်အစီအစဉ်ဖြစ်ဖို့လည်းလိုအပ်ပါတယ်။

2. Content marketing strategy ချမှတ်နိုင်ခြင်း။

လုံးဝအသေအချာပါဘဲ။ Content marketing ဆိုတာ အလားအလာရှိတဲ့ ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်ရုံ သာမက သူတို့ကို ဝယ်ယူသူ တွေဖြစ်လာအောင် ကြိုးပမ်းပြီးတော့ လုပ်ငန်းတိုးတက်စေ ရပါမယ်။

3. Digital advertising plan ရေးဆွဲနိုင်ခြင်း။

ဒီအချက်ဟာ Digital marketing ရဲ့ လျှိ့ဝုက်ချက်တစ်ခုဖြစ်တဲ့ အပြင် အလွန်အင်မတန် အင်အားကြီးတဲ့ လက်နက်တစ်ခုဖြစ်တယ်ဆိုလည်း မမှားးပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်ပေးချင်တဲ့ message ကို prospects ထံပေးပို့ရာမှာ အလွန်ထိ‌ရောက် တဲ့ အတွက်ပါ။

4. Social media marketing ကိုကောင်းစွာပြုလုပ်နိုင်ခြင်း။

Social media ကိုကောင်းစွာ အသုံးချနိုင်ရပါမယ်။ Facebook, Instagram, Twitter တို့မှာ Active ဖြစ်နေရုံနဲ့ မပြီးပါဘူး ကိုယ့်ရဲ့ Follower တွေကို လုပ်ငန်းနဲ့ ထိတွေ့လာအောင် (engagement) ပြီးတော့ လုပ်ငန်းရဲ့ customer တွေဖြစ်လာအောင် လုပ်ဆောင်ရပါမယ်။

5. Email marketing လုပ်ဆောင်နိုင်ခြင်း။

Email marketing ကိုမဖြစ်မနေလုပ်ဆောင်ပါ။ Email marketing က လုပ်ငန်းတိုးတက်ဖို့ များစွာ အထောက်အကူပြုပါတယ်။

6. SEO & SEM ပြုလုပ်နိုင်ခြင်း။

Search engine optimization ပြုလုပ်ခြင်းနဲ့ Search engine marketing ပြုလုပ်ခြင်းဟာ Digital Marketing ပြုလုပ်ခြင်းမှာ အဓိကကြတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။

7. Digital Marketing ပြုလုပ်ဆောင်ရွက်ချက်များအပေါ် Analytics ပြုလုပ်နိုင်ခြင်း။

Analytics ပြုလုပ်ခြင်းဆိုတာ အင်မတန်အရေးကြီးပါတယ်။ ၎င်းက သင်ဆောင်ရွက်ခဲ့တဲ့ ဘယ်အရာတွေက အလုပ်ဖြစ်တယ်၊ အလုပ်မဖြစ်ခဲ့ဘူး၊ နောက်ဘာတွေဆက်လုပ်ရမလဲဆိုတာတွေကို သိရှိစေနိုင်ပါတယ်။

8. Conversion rate optimization ကိုတိုးတက်အောင်ပြုလုပ်ဆောင်ရွက်ခြင်း။

Conversion rate optimization တိုးတက်ဖို့ဆိုတာ လွယ်မရောင်နဲ့ ခတ်ပါတယ်။ ဒီအချက်ဟာ Digital Marketer ကောင်းတစ်ဦး ဟုတ်မဟုတ်ကို တိုင်းတာနိုင်တဲ့ အလွန်အခြေခံကျတဲ့ အချက်ပါဘဲ။

Digital Marketer ကောင်းတစ်ဦးဖြစ်ဖို့ ဒီအချက် () ချက်လုံးလိုအပ်ပါတယ် 

 

 

 

 

 

 

 

 

 

 

 

Comments