Digital Brand တစ်ခုပုံဖော်ဖို့အတွက် လိုအပ်တဲ့ Content Marketing
Content is king လို့ လူတွေပြောပြောနေကြတာ သင်ကြားဖူး နေမှာပါ။ ၂၁ရာစုမှာ လုပ်ငန်းတွေက Content Marketing ကိုအချိန်တွေငွေတွေ ရင်းနှီးပြီးလုပ်ဆောင်လာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Content Marketing ဟာ လုပ်ငန်း နဲ့ အလားအလာရှိတဲ့ ဖောက်သည်တွေကို ထိတွေမှုများလာစေပြီး လုပ်ငန်း အပေါ်ယုံကြည်မှုတည်ဆောက်ပေးနိုင်လို့ပါ။ ဒီလိုယုံကြည်မှု တည်ဆောက်လာနိုင်ပြီဆိုရင် အဲ့ဒီ အလားအလာရှိတဲ့ ဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံမှုတွေစတင်ပြုလုပ်လာနိုင်ပြီး လုပ်ငန်းရဲ့ အရောင်းဝင်ငွေကို တိုးတက်လာစေလို့ပါ။
Content Marketing ဆိုတာဘာလဲ...?
လုပ်ငန်းနှင့် သက်ဆိုင်တဲ့ ဆောင်းပါးတွေ(Articles)၊ ဗီဒီယိုတွေ(Videos)၊ ရုပ်ပုံတွေ(Photos)၊ ဒီဇိုင်းပုံတွေ (Designs) အသံဖိုင်တွေ ဖန်တီးမျှဝေကာ အလားအလာရှိတဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့၊ ချိတ်ဆက်ဖို့ နဲ့ ထိန်းသိမ်းဖို့ တွေပြုလုပ်တဲ့ Marketing Strategy ကို Content Marketing လိုသိနိုင်ပါတယ်။
ကျွန်တော် ထပ်ပြီး Highlight ပြုလုပ်ပေးပါရစေ... Content Marketing ဆိုတာ လုပ်ငန်းကနေ Customer တွေကို ဆွဲဆောင်ဖို့၊ ချိတ်ဆက်ဖို့ နဲ့ ထိန်းသိမ်းဖို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုပါ...
Content Marketing ရဲ့ အဓိက ရည်မှန်းချက်
1.လုပ်ငန်းအတွက် Brand Awareness ဖြစ်စေဖို့၊ (လုပ်ငန်းစတင်ခါစအချိန်)
2.လုပ်ငန်းနဲ့ Customer ကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့၊ (လုပ်ငန်းကို လူအတော်အတန်သိလာတဲ့အချိန်)
3.လုပ်ငန်းအတွက် Lead တွေရှာဖွေဖို့၊ ရရှိထားတဲ့ Lead တွေကို Customer ဖြစ်လာစေဖို့၊ (ဒါကတော့ လုပ်ငန်းလည်ပတ်သမျှကာလပတ်လုံး)
4.Customer များကို လုပ်ငန်းနဲ့ အမြဲထိတွေမှုပေးပြီး Royal Customers များ ဖြစ်လာစေဖို့ (ဒါကတော့ လုပ်ငန်းလည်ပတ်သမျှကာလပတ်လုံး) ဒါတွေကို အဓိကထားပါတယ်။
လုပ်ငန်းအများစု Content Marketing တွင် ကျရှုံးရခြင်း..
လုပ်ငန်းအများစုရဲ့ Content Marketing ဟာ မအောင်မြင်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ အရမ်းရောင်းချင်တဲ့ စိတ်တွေများနေလို့ပါ။ Content Marketing ဟာ Direct Sales မဟုတ်ပါဘူး။ Direct Sales က Copy writing ပါ။
Content Marketing မှာရှိတဲ့ ဆွဲဆောင်ဖို့၊ ချိတ်ဆက်ဖို့ နဲ့ ထိန်းသိမ်းဖို့ ဆိုတဲ့ အစိတ်အပိုင်း (၃)ခုကို မြန်မာပြည်က လုပ်ငန်းရှင်တွေက တစ်ခုအပေါ်ကိုဘဲ အာရုံရောက်နေတာပါ။ အဲ့ဒါကတော့ ဆွဲဆောင်ဖို့ ဆိုတဲ့ အကြောင်းအရာတစ်ခုကိုဘဲ အရမ်းအာရုံရောက်နေကြပြီး Content Marketing ပုံ မပေါ် တော့ ဘဲ ကုန်ပစ္စည်းဝန်ဆောင်မှု အတွက် Sales Copy တွေသာ ဖန်တီးနေကြလို့ပါ။ ဒီနည်းလမ်းဟာ လုပ်ငန်းလက်တလောရောင်းအားကောင်းဖို့ကို အထောက်အကူဖြစ်စေတာတော့ အမှန်ပါ။ သို့ပေမယ့် အဲ့လိုလုပ်ငန်းတွေရဲ့ Marketing Strategy ဟာလည်း မျှော်လင့်ခြင်းကို အခြေခံနေသလိုပါဘဲ။ ဘယ်ဝယ်ယူသူကများ မျက်စိလည်လမ်းမှားပြီး လာရောက်ဝယ်ယူမလဲ ဆိုပြီး မျှော်လင့်ပြီး စောင့်နေရသလိုဖြစ်နေပါလိမ့်မယ်။
အဲ့လိုပြဿနာကနေ လွတ်ကင်းနိုင်အောင် ဒီကနေ့မှာတော့ Digital Brand တစ်ခုကို ပုံဖော်ပေးနိုင်မယ့် Content Marketing အမျိုးအစားတွေကို အောက်ကပုံတွေမှာ ဖော်ပြပေးသွားပါမယ်။
Content Marketing Services တွေကိုလည်း Digitry မှာ အပ်နှံနိုင်ပါတယ်လို့ သတင်းကောင်းပါးအပ်ပါတယ်..။
Myat Paing Soe
Comments
Post a Comment