7 စက္ကန့် အတွင်း Customer တွေရဲ့ First Impression ရယူတဲ့နည်းလမ်း
Brand Slogan (or) Tagline
ဒီတစ်ခါကတော့ Brand slogan အကြောင်းကို အနည်းငယ်တင်ပြလိုပါတယ်။ အရှေ့မှာတော့ ကျွန်တော်က Brand တစ်ခုရဲ့ Visual Identity တွေဖြစ်ကြတဲ့ Logo နဲ့ Color တို့ကို တင်ပြပေးထားပါတယ်။ ကျွန်တော်ရဲ့ တင်ပြမှုတွေက အပြည့်အစုံတော့ ဖြစ်မှာ မဟုတ်ပါဘူး။ အသေးစား နဲ့ အလတ်အစားလုပ်ငန်းတွေ၊ Branding ပုံစံသွားချင်တဲ့ လုပ်ငန်းတွေကို တစ်ကယ့်လက်တွေ့ အကောင်အထည် ဖော်နိုင်ရန်အတွက်သာ ရည်ရွယ်ပါတယ်။ ဒါတွေရှိရုံနဲ့ Brand တစ်ခုဖြစ်လားဆိုတော့.. မဖြစ်သေးပါဘူး။ Brand တစ်ခုဖြစ်ဖို့က Brand Elements တွေပြည့်စုံဖို့လိုအပ်ပါတယ်။ Brand Elements အကြောင်းကိုလည်း နောက်ပိုင်းရေးသားဖော်ပြပေးသွားမှာပါ။ ယခုတော့ Branding ပုံစံသွားချင်တဲ့ လုပ်ငန်းတွေ အသုံးပြုလို့ရအောင် Brand Slogan အကြောင်းကို အနည်းငယ် ဖော်ပြပေးပါမယ်....
Slogan ဆိုတာဘာလဲ??
Slogan ဆိုတာက မြန်မာဘာသာရပ်အဓိပ္ပါယ်အရတော့ ဆောင်ပုဒ် လို့ဆိုနိုင်ပါတယ်။ သို့ပင်မဲ့ ကျွန်ုပ်တင်ပြမယ့် အကြောင်းအရာကတော့ Branding Position နဲ့နှီးနွယ်နေတဲ့ အတွက်ကြောင့် ဆောင်ပုဒ်ဆိုတဲ့ ကျယ်ပြန့်တဲ့ အနက်ကိုသုံးလို့အဆင်မပြေနိုင်ပါဘူး။ Branding Position ရှုထောင့်က Slogan (or) Tagline ဆိုတာဘာလဲ ဆိုပြီးဦးစွာတင်ပြပေးပါမယ်.. Slogan (or) Tagline ဆိုတာ သင့်လုပ်ငန်းဖောက်သည်ဖြစ်လာမည့်သူတွေကို သင့်လုပ်ငန်း၊ ဝန်ဆောင်မှု၊ ကုန်ပစ္စည်းစတာတွေရဲ့ ဆွဲဆောင်မှုတွေကို အကျဉ်းချုပ်ဖော်ပြပေးဖို့ရည်ရွယ်တဲ့ မှတ်သားနိုင်ဖို့ လွယ်ကူတဲ့ စကားလုံးတိုတိုလေးတွေပါဘဲ..
(Branding Position အကြောင်းကိုတော့ Brand Elements အပိုင်းဖော်ပြတဲ့ အခါအသေးစိတ်တင်ပြပေးပါမယ်)
ဘာကြောင့် နိုင်ငံတကာလုပ်ငန်းကြီးတွေက Slogan ကိုအသုံးပြုတာလဲ။
ဒါလေးကို မပြောမီလုပ်ငန်း အဖွဲ့အစည်းတိုင်းက Slogan တစ်ခုတော့ရှိဖို့လိုပါတယ်။ Slogan ဆိုတဲ့ စကားလုံးတိုတိုလေးတွေက ဘယ်လိုအကျိုးထူးတွေရှိနေလို့ လုပ်ငန်းအဖွဲ့အစည်းတွေက အားသွန်ခွန်စိုက် လေ့လာမှုတွေ သုတေသနလုပ်ငန်းတွေအထိ ရင်းနှီးပြီး Slogan ကောင်းတွေကို ထုတ်ဖော်နေရတာလဲ... အဖြေကတော့ စိတ်ပညာရပ်ဆိုင်ရာ သုတေသနတွေအရ အခိုင်အမာဆိုထားတာတစ်ခုကတော့ လူတစ်ဦးဟာ သူရဲ့ ပထမဦးဆုံးမှတ်ဉာဏ် First Impression တစ်ခုကိုဖန်တီးဖို့ 7 စက္ကန့် သာအချိန်ရပါတယ်တဲ့ ဒါကို လုပ်ငန်းအဖွဲ့အစည်း တွေက အသုံးချပြီးတော့ 7 စက္ကန့် အတွင်း ၎င်းတို့ လုပ်ငန်းကို Customer တွေမှတ်မိနိုင်ဖို့ နည်းလမ်းကို Slogan အသုံးပြုပြီး ဖန်တီးလာကြပါတယ်။
ဒီလိုဆို ကျွန်ုပ်ကတော့ Branding ရှုထောင့်က Slogan ကိုဒီလိုဘဲ အဓိပ္ပါယ်ဖွင့်ပါတယ်...
7 စက္ကန့် အတွင်း Customer တွေရဲ့ First Impression ရယူတဲ့နည်းလမ်းပါ
လူတစ်ဦးရဲ့ ကာလတိုမှတ်ဉာဏ်ဟာအလွန်တိုတောင်း(7 စက္ကန့်) တဲ့ အတွက် Slogan တစ်ခုဖန်တီးရာမှာ တိုတို ရှင်းရှင်းနဲ့ နားလည်လွယ်ဖို့အရေးကြီးပါတယ်။ တစ်ခုသတိပြုရမှာက Slogan တစ်ခုဟာ သင့်လုပ်ငန်းပုံရိပ်ကို မြင့်တင်ပေးနိုင်သလို၊ သင့်လုပ်ငန်းပုံရိပ်ကိုလည်းကျဆင်းစေနိုင်ပါတယ်။ Slogan တစ်ခုဖန်တီးဖို့အတွက် အလွန်သတိထားလုပ်ဆောင်ဖို့လိုပါတယ်။ အဲ့ဒီအတွက် သင်ကိုယ်တိုင် Slogan ကောင်းတစ်ခုဖန်တီးနိုင်ဖို့ ကျွန်ုပ်အနေနဲ့ ကမ္ဘာကျော် Brand တွေမှာ အသုံးပြုထားတဲ့ Slogan ကောင်းတွေကို အမျိုးအစားခွဲပြီးတင်ပြပေးထားပါတယ်။
Business Slogan
Business Slogan ဆိုတာ လုပ်ငန်းတစ်ခုရဲ့ ပြိုင်ဘက်နဲ့ မတူတဲ့ အားသာချက်ကို ဖော်ပြတဲ့ပုံစံတစ်ခုပါ။ယေဘုယျကျတဲ့ Business Slogan က သတင်းအချက်အလက်ကိုပေးစွမ်းပါတယ်။
ဥပမာ KFC - "Finger-likin' good”
Carlsberg - "Probably the best beer in the world”
Business Slogan တစ်ခုက ယုံကြည်မှု၊ ဈေးကွက်ဖောက်ထွက်နိုင်မှု၊ ပြီးပြည့်စုံမှုအစရှိတဲ့ အကြောင်းအရာတွေကို ပေးစွမ်းပြီး လုပ်ငန်းကို ပြိုင်ဘက်တွေထက်ထူးခြားစေပါတယ်။
Business Slogan ကောင်းတွေကတော့ ...
Pantene slogan - " Always camera ready ”
Zara slogan - "Love your curves”
Advertising Slogan
Advertising Slogan တွေက လုပ်ငန်းတစ်ခုလုံးကို အာရုံစိုက်ရမယ့်အစား ကြော်ငြာကမ်ပိမ်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကိုသာ အလေးပေးတဲ့ Slogan မျိုးဖြစ်ပါတယ်။ Advertising Slogan က ထုတ်ကုန်ရဲ့ အသုံးပြုမှုအတွေ့အကြုံတွေနဲ့ ဝယ်ယူပြီးနောက်မှာ ရရှိလာမယ့် အကျိုးကျေးဇူးတွေရဲ့ ဆက်စပ်မှုတွေကို ရည်ရွယ်ပြီး ဖန်တီးတာမျိုးဖြစ်တယ်။
Advertising Slogan ကောင်းတွေကတော့ ...
Coca- Cola - "Open happiness”
Ajax - " Stronger than dirt”
Forti - "Fresh and juicy”
Descriptive Slogan
Descriptive Slogan ကတော့ သင့်လုပ်ငန်းအမှန်တစ်ကယ်လုပ်ဆောင်နေတဲ့ လုပ်ငန်းရဲ့ ပုံရိပ်ကိုဖန်တီးပေးတာမျိုးဖြစ်ပါတယ်။ သင့်လုပ်ငန်းကို တစ်ခြားပြိုင်ဘက်တွေနဲ့ ကွဲပြားသိမြင်လိုပါက အကောင်းဆုံးရွေးချယ်မှုတစ်ခုလို့ ကျွန်ုပ်အကြံပြုလိုပါတယ်။ Descriptive Slogan က ဖော်ပြချက်မပါတဲ့ နာမည်ရှိတဲ့ လုပ်ငန်းမျိုးတွေနဲ့ အခြားသော လုပ်ငန်းမဟုတ်တဲ့ အဖွဲ့အစည်းတွေအတွက် ပိုမိုသင့်တော်ပါတယ်။ တစ်ခုသတိပြုရမှာက Slogan အဖြစ်အသုံးပြုမှာဖြစ်တဲ့အတွက်စာအရှည်ကြီးတွေတော့ မသုံးသင့်ပါဘူး။ တိုတိုနဲ့ ထိရောက်နိုင်တဲ့ စကားလုံးအသုံးအနှုန်းတွေဖြစ်ဖို့တော့ လိုပါတယ်။
Descriptive Slogan ကောင်းတွေကတော့ ...
Diary Milk - " A glass and a half in every half-pound.”
Paul Masson - "We will sell no wire before its time.”
Commanding Slogan
Commanding Slogan သည် အမိန့်ပေးဝါကျတွေနဲ့တည်ဆောက်ထားတဲ့ slogan မျိုးဖြစ်ပါတယ်။ အစွမ်းထက်တဲ့ Commanding Slogan ကတော့ သုံးစွဲသူတွေကို အရေးတယူဆွဲဆောင်ဖို့ လုံလောက်ပါတယ်။ Commanding Slogan ကောင်းတစ်ခုကို ကောင်းမွန်စွာဖန်တီးနိုင်မည်ဆိုရင် စားသုံးသူတွေကို ဝယ်ယူမှုပြုလုပ်ဖို့ ဆွဲဆောင်နိုင်မှာ အသေအချာပါဘဲ။
Commanding Slogan ကောင်းတွေကတော့ ...
Nike - "Just do it.”
Gatorade - "Is it in you!?”
Persuading Slogan
Persuading Slogan ဆိုတာ တစ်စုံတစ်ဦးက သင့်ကုန်ပစ္စည်းဝန်ဆောင်မှုကို ဘာကြောင့် ရွေးချယ်သင့်သလဲ ဆိုတဲ့ အကြောင်းအရာကို ဖော်ပြတဲ့ Slogan မျိုးဖြစ်ပါတယ်။ သင့်လုပ်ငန်းက ယုံကြည်စိတ်ချရပြီး စားသုံးသူတွေရဲ့ ပြဿနာများကို ကူညီဖြေရှင်းပေးမည့် အကြောင်းကို စားသုံးသူတွေသိအောင် ဖော်ပြပေးခြင်းမျိုးပါ။ Persuading Slogan ဟာ ဈေးရောင်းစာကြောင်းနဲ့လည်း တူပါတယ်။
Persuading Slogan ကောင်းတွေကတော့ ...
L'Oréal - "Because you're worth it”
Kit-Kat - "Have a break, have a kit - Kat.
Creative Slogan
Creative Slogan ကို ဖော်ဆောင်နိုင်တဲ့ ကုန်အမှတ်တံဆိပ်တွေက လုပ်ငန်းရဲ့ အဆင့်အတန်းကို နောက်တစ်ဆင့်မြင့်တင် ခေါ်ဆောင်သွားနိုင်ပါတယ်။ Creative Slogan ကို များသောအားဖြင့်တော့ စာပေဆိုင်ရာ ကဗျာ အဖွဲ့အနွဲ့တွေနဲ့ စားသုံးသူကို ထိတွေ့ဖိတ်ခေါ်တာမျိုး စားသုံးသူတုံ့ပြန်မှုကို ရယူတာမျိုးပြုလုပ်ကြပါတယ်။ Creative Slogan ကောင်းတစ်ခုဖန်တီးတာဟာ သာမန်ထက်ပိုမိုခက်ခဲတယ်ဆိုတာ သတိပြုရမဲ့အပြင် စားသုံးသူတွေနဲ့ နားလည်မှုလွဲတာလေးတွေကိုလည်း သတိပြုရပါမယ်။
Creative Slogan ကောင်းတွေကတော့ ...
Maybelline - "May be she's born with it, may be its Maybelline.”
Meow Mix- "Tastes so good, cats for by its name.”
Emotive Slogan
Emotive Slogan ဆိုတာ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ သုတေသနပြုလုပ်မှုတွေကနေ ရရှိလာတဲ့ Slogan မျိုးဖြစ်ပါတယ်။ Emotive Slogan က စားသုံးသူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို လှုံဆော်ပေးဖို့ ရည်ရွယ်ရုံသာမက လုပ်ငန်းရဲ့ ဝန်ဆောင်မှုကိုပါ ဖော်ပြပေးနိုင်ပါတယ်။
Emotive Slogan ကောင်းတွေကတော့...
DeBeers- "Diamond is forever.”
Disneyland - "Where dream come true.”
Myat Paing Soe (Digitry)
30.1.2022
Comments
Post a Comment