Logo ဆိုတာဘာလဲ...?
LOGO ဆိုတာက စနစ်တကျဖန်တီးပုံဖော်ထားတဲ့ အမှတ်တံဆိပ် တစ်ခုပါဘဲ။ သို့ပေမဲ့ Logo ဟာ ရုပ်ပုံတစ်ခုထက်ကို ထူးခြားပါတယ်။
ဘာလို့လဲ ဆိုတော့ Logo ကို လုပ်ငန်းအဖွဲ့အစည်းတွေက သူတို့လုပ်ငန်းကို လူတွေကအလွယ်တကူ မှတ်မိဖို့ သူတို့လုပ်ငန်းရဲ့ စရိုက်လက္ခဏာ နဲ့ ရည်ရွယ်ချက်တွေကို သိရှိဖို့ အသုံးပြုကြတဲ့အတွက်ကြောင့်ပါ။
အဲ့လို လူတွေမှတ်မိဖို့ ဘယ်နေရာတွေမှာ Logo ကို အဓိကသုံးကြတာလဲ??
Logo တွေကို လူအများမှတ်မိဖို့ Sponsorship ပြုလုပ်တဲ့ နေရာတွေမှာ၊ လုပ်ငန်းအဖွဲ့ အစည်းတွေက စားသုံးသူနဲ့ ထိတွေ့ဆက်ဆံရတဲ့ ဝန်ထမ်းယူနီဖောင်းတွေ လုပ်ငန်းပိုင်ယဉ်တွေနဲ့ ၎င်းတို့ရဲ့ ထုတ်ကုန်ကြော်ငြာ ထုတ်ကုန်ထုပ်ပိုးမှု၊ စတဲ့နေရာတွေအပြင် ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများ အဓိကလုပ်ဆောင်လာကြတဲ့ Digital Marketing လုပ်ငန်းဆောင်တာများဖြစ်တဲ့ Web page တွေ Profiles တွေမှာပါ အသုံးပြုလာကြပါတယ်။
ဒီလိုဆို သင့်အနေနဲ့ လုပ်ငန်းတစ်ခုကို ပြုလုပ်မယ်ဆိုလျှင် Logo ကောင်းတစ်ခုဟာ မဖြစ်မနေကို ရှိထားသင့်ပါတယ်
အဲ့လို စီးပွားရေးအရ အလွန်အသုံးဝင်တဲ့ သင့်လုပ်ငန်းနဲ့ လိုက်ဖက်တဲ့ Logo ကောင်းတစ်ခုဖြစ်လာဖို့ ဖန်တီးတဲ့ နေရာမှာ အထောက်အကူဖြစ်ဖို့ Logo အမျိုးအစားတွေ အကြောင်းကို အနည်းငယ်မျှဝေလိုက်ပါတယ်။
7 Types of Logo
1. Emblem Logo
Emblem Logoကို ဂျီဩမေတြီပုံသဏ္ဍာန်များအတွင်း စာသားနှင့် ရုပ်ပုံများထည့်သွင်းဖန်တီးသော ဒီဇိုင်းမျိုးဖြစ်ပြီး ရှေးအကျဆုံးပုံစံမျိုးဖြစ်သည်။
Emblem Logo သည် ဂုဏ်သိက္ခာကြီးမားခြင်းသဘောကိုဆောင်ပြီး ဆင်တူရိုးမှားသိပ်မများနိုင်ပေ။
Eg. Harley Davidson, Superman, Stella Artois
2. Pictorial Mark Logo
Pictorial Mark logo သည် စာသားများမပါဝင်ဘဲ ရုပ်ပုံတစ်ခုဖြင့် ကိုယ်စားပြုဖန်တီးသော အမျိုးအစားဖြစ်သည်။
Pictorial Mark logo သည် အမှတ်ရစရာ၊ Professional type ဖြစ်ပြီး Brand image ကိုပေးစွမ်းနိုင်စွမ်းရှိသည်။
Eg. Apple, Twitter, Target
3. Word Mark Logo (Logo type)
Word Mark Logo အမျိုးအစားသည် ရိုးရှင်းပြီး လုပ်ငန်းအဖွဲ့စည်း၏ နာမည်ဖြင့် ဖွဲစည်းထားသည်။ ရုပ်ပုံ (သို့) Graphics များပါဝင်ခြင်းမရှိပေ။
Word Mark Logo ကိုဖန်တီးရာတွင် လုပ်ငန်း၏ နာမည်၊ Font ပုံစံနှင့် အရောင် စသည့်သုံးမျိုးသာလိုအပ်သည်။
Word Mark Logo သည် လုပ်ငန်းအဖွဲ့ အစည်းနှင့် logo ကို အလွယ်တကူ ချိတ်ဆက်မှတ်မိစေနိုင်သည်။
Eg. Coca-Cola, Google
4. Latter Mark Logo
Latter Mark Logo (သို့) Monogram သည် အမှတ်တံဆိပ်တစ်ခု၏ အတိုကောက်စကားလုံးများကိုသာ အသုံးပြုရေးဆွဲထားသည်။
Latter Mark Logo ကို အမှတ်တံဆိပ်၏ အမည်သည် ရှည်လျားသောအခါ (သို့) ရုပ်ပုံများအသုံးမပြုဘဲ ရိုးရှင်းသော ပုံစံမျိုးသာ ပြုလုပ်လိုပါက အသုံးပြုနိုင်သည်။
Eg. NASA, HOB, Louis Vuitton
5. Abstract Logo
Abstract Logo သည် စာလုံးမပါဘဲ ရုပ်ပုံတစ်ခုဖြင့် ပြုလုပ်ထားပြီး စိတ္တဇအတွေးမျိုးကိုပေးသော အမျိုးအစားဖြစ်သည်။ (ကျွန်ုပ်၏ အမြင်)
Abstract Logo သည် ဈေးကွက်အတွင်း ထူးဆန်းသော သဘောကြောင့် လူပိုစိတ်ဝင်စားနိုင်ခြင်း အားသာချက် နှင့် မိမိ၏ လုပ်ငန်းအမည်နှင့် တွဲဖက်ရန် ခက်ခဲသော အားနည်းချက် တွဲ၍ တည်ရှိနေသည်။
Eg. Nike, Pepsi, Airbnb
6. Mascot Logo
Mascot Logo သည် လူပုံစံ (သို့) လူဂုဏ်ရည်များကို လက်ခံရရှိသည့် လူတစ်ဦး (သို့)လူသားမဟုတ်သော အဖွဲ့အစည်းတစ်ခု၏ ပန်းချီကားတစ်ချပ်ဖြစ်သည်။
Mascot Logo သည် ပရိသတ်အပေါ် ဖော်ရွေပြီး အပြုသဘောဆောင်သော ခံစားချက်ကို ဖန်တီးပေးနိုင်သည်။
Eg. KFC, MICHELIN, Reddit
7. Combination Logo
Combination Logo သည် အထက်ပါ Logo (၆)မျိုးအနက် နှစ်ခု(သို့) နှစ်ခုထက်ပိုသော ပုံစံများကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်သည်။
အနာဂတ် Logo အပြောင်းအလဲများနှင့် လိုက်လျောညီထွေဖြစ်လိုပါက Combination Logo သည်ရွေးချယ်သင့်သော အမျိုးအစားဖြစ်သည်။
Eg. Burger King, Dove
Myat Paing Soe
Comments
Post a Comment