Branding အတွက် Color Theme ‌ရွေးချယ်ခြင်း

 Color of emotions

Color of emotions


ယခုတင်ဆက်ပေးမဲ့ အကြောင်းအရာကတော့ Color of emotions  လို့ခေါ်တဲ့အရောင်တွေက ကြည့်ရှုသူများကို စိတ်ခံစားမှု ပေးစွမ်းနိုင်ခြင်းအကြောင်းဘဲ ဖြစ်ပါတယ်။

အဲ့လို အရောင်တစ်ခုခြင်းစီအလိုက် ပေးစွမ်းတဲ့ Emotion များကို မဖော်ပြမီ သိရှိထားသင့်တဲ့ အကြောင်းအရာလေးတွေကို‌ဖော်ပြပေးသွားပါမယ်။


အရောင်စိတ်ပညာဆိုတာဘာလဲ။

အရောင်စိတ်ပညာဆိုတာက အရောင်တွေဟာ သူတိုကိုကြည့်မြင်သူတွေကိုပေးစွမ်းနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုအခြေအနေတွေကို စနစ်တကျလေ့လာတဲ့ ပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်။

အရောင်စိတ်ပညာရဲ့ လေ့လာချက်တွေဟာဆိုရင် အလွန်အဓိပ္ပါယ်ရှိသလို အားလုံးကလက်ခံကြတဲ့ အချက်တွေလည်းအမြောက်အများရှိပါတယ်။ဒါပေမယ့်  ကာလ၊ဒေသ၊ပရောဂ ကိုလိုက်၍ မတူညီတဲ့ ယဉ်ကျေးမှုတွေအရ 

ကွဲပြားခြားနားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များလည်းရှိပါတယ်။


အရောင်စိတ်ပညာကို နေ့စဉ်ဘဝတွင် အသုံးချခြင်း


ကျွန်ုပ်တိုရဲ့ ပတ်ဝန်းကျင်ဟာ ကျွန်ုပ်တိုအပေါ်လွမ်းမိုးမှုရှိနေပါတယ်။ တစ်ခါတစ်ရံ အချိုသော ပတ်ဝန်းကျင်မျိုးက ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသလို အချိုသောပတ်ဝန်းကျင်တွေကတော့ ကျွန်ုပ်တိုကို စိတ်အေးလက်အေးနှင့် နေထိုင်နိုင်ပြီး အေးချမ်းမှုကိုရရှိစေတာလည်း ကြုံကြမှာပါ။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ပတ်ဝန်းကျင်မှာရှိတဲ့ အရောင်တွေက တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။

ဥပမာဆိုရရင် လေ့လာစမ်းသပ်မှုများအရ လူအချိုဟာ အနီရောင်ကိုကြည့်ရှုမယ်ဆိုရင်  နှလုံးခုန်နှုန်းတိုးလာပြီး Adrenaline ဆိုတဲ့ Hormone ကိုသွေးစီးကြောင်းထဲစုပ်ယူသွားတယ်လို သိရှိလာရပါတယ်။


စီးပွားရေးနှင့် အ‌ရောင်စိတ်ပညာ


စီးပွားရေးလုပ်ငန်းတွေရဲ့ ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာများတွင် အရောင်စိတ်ပညာကို တွင်ကျယ်စွာအသုံးပြုကြပါတယ်။ လုပ်ငန်းအဖွဲအစည်းကြီးများကဆိုရင် အရောင်စိတ်ပညာကဲ့သိုသော သုတေသနလုပ်ငန်းတွေမှာ ငွေကြေးအရင်းအနှီးမြင့်မားစွာထည့်ဝင်ထားကြပါတယ်။အခြားသောလုပ်ငန်းအများအပြားကလည်း အရောင်စိတ်ပညာကိုအသုံးပြုခြင်းသည် ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာပိုင်းတွေမှာ အထူးအကျိုးရှိတယ်လို လက်ခံနေကြပါပြီ။


ဒီလိုဆို အရောင်စိတ်ပညာကို လူကြီးမင်းတို လုပ်ငန်းတွေမှာ ဘယ်လိုအသုံးပြုမှာလဲ။

ဒီအတွက် ကျွန်တော်အနေနဲ့ အရောင်စိတ်ပညာရဲ့ သုတေသန စစ်တမ်းများအရ သိရှိရတဲ့ အ‌ရောင်အချိုရဲ့ အဓိပ္ပါယ်နဲ့ အသုံးပြုသင့်တဲ့ လုပ်ငန်း(သို) ကြော်ငြာအမျိုးအစားများကို အကြံပြုတင်ပြလိုပါတယ်။

အောက်တွင် အ‌ရောင်တစ်မျိုးခြင်းကို ပုံများနှင့် လည်းဖော်ပြထားပါတယ်။



အပြာရောင် (Color of Trust)

emotions

ယုံကြည်မှု

တာဝန်ယူမှုတာဝန်ခံမှု

ရိုးသားမှု၊သစ္စာတရားရှိမှု

ကိုယ်စိတ်လုံခြုံမှု


Business or ads types

လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများ၊

ငွေရေးကြေးရေးလုပ်ငန်းများ၊

နည်းပညာလုပ်ငန်းများ၊

စာရင်းအင်းလုပ်ငန်းများ။

Blue


အမဲရောင် ( Color of mastery)

Emotions

စွမ်းအားကြီးမှု

ထိန်းချုပ်နိုင်မှု

သြဇာအာဏာကြီးမားမှု

စည်းမျဥ်းစည်းကမ်းရှိမှု

Business or ads types

လုပ်ငန်းအမျိုးအစားအားလုံးတွင်အသုံးပြုနိုင်ပါသည်။

Back


အစိမ်းရောင် (Color of Growth and Health)

Emotions

လုံခြုံစိတ်ချမှု

စိတ်သဘောထားညီညွတ်မှု

တည်ငြိမ်မှု

ယုံကြည်အားထားမှု

ညီမျှမှု



Business or ads types

ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများ

ဘဏ်လုပ်ငန်းများ

အိမ်ခြံမြေလုပ်ငန်းများ

ပရဟိတလုပ်ငန်းများ

Green


ခဲရောင် (Color of Compromise)

Emotions

သဘာဝအတိုင်းဖြစ်တည်မှု

လက်တွေ့ကျမှု 

ရှေးရိုးဆန်မှု

သမာရိုးကျဖြစ်မှု

သိမ်မွေ့မှု


Business or ads types

အခြားသော အရောင်များနှင့် တွဲဖက်၍ လုပ်ငန်းအားလုံးတွင် အသုံးပြုနိုင်ပါသည်။

Gary


အညို‌ရောင် (Color of Earth)

Emotions

ယုံကြည်အားထားမှု

တည်ငြိမ်မှု

‌ရိုးသားမှု

ကိုယ်စိတ်ချမ်းသာမှု

သဘာဝတရားရှိမှု


Business or ads types

စိုက်ပျိုး‌ရေးလုပ်ငန်း

ဆောက်လုပ်ရေးလုပ်ငန်း

ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း

ဥပဒေလုပ်ငန်း

အစားအသောက်လုပ်ငန်း

Brown


လိမ္မော်ရောင် ( Color of encouragement)

Emotions 

အကောင်းမြင်မှု

အမှီအခိုကင်းမှု

စွန့်စားလိုမှု

တီထွင်ဆန်းသစ်လိုမှု


Business or ads types

အနုပညာလုပ်ငန်းများ

ဖျော်ဖြေရေးလုပ်ငန်းများ

အစားအသောက်လုပ်ငန်းများ

အားကစားလုပ်ငန်းများ

သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ

Orange


ပန်းရောင် (Color of Sensitivity)

Emotions 

အကြင်နာတရားရှိမှု

ချစ်ခြင်းမေတ္တာရှိခြင်း

လူငယ်ဆန်မှု

နှစ်ထောင်းအားရမှု


Business or ads types

ကလေးထုတ်ကုန်များ

အမျိုးသမီးထုတ်ကုန်များ

အလှကုန်များ

Fashion လုပ်ငန်းများ

Pink


အနီရောင် (Color of passion)

Emotions 

စိတ်လှုပ်ရှားမှု

စွမ်းအားကြီးမှု

စိတ်ပြင်းပြမှု

သတ္တိရှိမှု

စွဲဆောင်နိုင်မှု


Business or ads types

ကလေးငယ်များအတွက်ထုတ်လုပ်သော ထုတ်ကုန်များ

ဖျော်််််ဖြေရေးလုပ်ငန်း

အားကစားလုပ်ငန်း

အစားအသောက်လုပ်ငန်း

မီးသတ်လုပ်ငန်း

Red


အဝါရောင် (Color of optimism)

Emotions 

ပျော်ရွှင်မှု

စိတ်အားထက်သန်မှု

အခွင့်အလမ်းရှိမှု

နွေးထွေးမှု

အကောင်းမြင်ဝါဒ

အာရုံစူးစိုက်မှု


Business or ads types

ခရီးသွားလုပ်ငန်း

ဇိမ်ခံပစ္စည်းများ

အားကစားလုပ်ငန်း

ကူးသန်းပို့ဆောင်ရေးလုပ်ငန်း

အစားအသောက်လုပ်ငန်း

Yellow


Myat Paing Soe

17.12.2021

Comments