Brand Positioning အတွက်လိုအပ်တဲ့ Online Marketing Services များ

 

Brand Positioning အတွက်လိုအပ်တဲ့ Online Marketing Services များ

Online Marketing Services


Business ဆိုတာနဲ့ ပက်သတ်လို့ ဆိုစမှတ်တစ်ခုရှိတယ်။ အဲ့ဒါကတော့ စီးပွား‌ရေးဆိုတာ Marketing နဲ့ Innovation ဆိုတဲ့ function နှစ်ခုကို စနစ်တကျလုပ်ဆောင်ခြင်းပါဘဲ။ 

 

ဒီလိုဆို သင့်လုပ်ငန်းမှာရော ဒီနှစ်ချက်ကို စနစ်တကျလုပ်ဆောင်နေပြီလား…?

 

မလုပ်ဆောင်ရသေးရင်လည်း စတင်လုပ်ဆောင်ဖို့အကြံပြုလိုပါတယ်။ စတင်လုပ်ဆောင်ဖို့  ကုန်ကျစရိတ် သက်သာတဲ့ အကောင်းဆုံးနည်းလမ်းတွေကိုပြောပြပေးသွားပါမယ်။

 

မြန်မာနိုင်ငံက SMEsလုပ်ငန်းရှင်အများစုက တစ်နိုင်တစ်ပိုင် ထုန်ကုန်ပစ္စည်းတွေထုတ်လုပ်ကြတယ် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ကြတယ် ဒီလိုဆိုတော့  Innovation တွေလုပ်ကြတာတော့အမြောက်အများတွေ့ရပါတယ်။ သို့ပေမယ့် သူတို့လုပ်ငန်းတွေက အောင်မြင်သင့်သလောက်မအောင်မြင်ကြပါဘူး။

 

ဘာလို့လဲဆိုတော့ သူတို့က Innovation ထုတ်ကုန်ဝန်ဆောင်မှု ထုတ်လုပ်ခြင်းမှာသာ ‌ငွေကြေးသုံးစွဲလိုကြပြီး ဒီဖန်တီးမှုကို အောင်မြင်ဖို့အတွက်  ဈေးကွက်တင်ပို့ခြင်း Marketing အပိုင်းမှာတော့ ငွေကြေးသုံးစွဲလိုစိတ်နည်းပါးကြပါတယ်။ ဒီအချက်ကြောင့် များစွာသော လုပ်ငန်းတွေက အောင်မြင်သင့်သလောက်မအောင်မြင်ကြပါဘူး။ ဒီအတွက် သင်လည်း သင့်လုပ်ငန်းအတွက် Markeitngကို စနစ်တကျလုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ Above the line လုပ်ငန်းစဉ်တွေက ကုန်ကျစရိတ်များပါတယ်။ သင့်အနေနဲ့ကုန်ကျစရိတ်ကို အများကြီးမသုံးချင်သေးဘူးဆိုရင်တော့ စရိတ်အနည်းငယ်နဲ့ ထိရောက်အောင်လုပ်ဆောင်နိုင်မယ့် Online Marketing လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

                                         

ဒီအတွက် Online Marketing လုပ်ငန်းစဉ်တွေထဲကမှ လုပ်ငန်းများစွာကို အကျိုးအမြတ်များစွာရှာဖွေပေးနေတဲ့ Online Marketing Services တွေအကြောင်းကို မျှဝေပေးသွားပါမယ်.....

 

Affiliate marketing

Affiliate marketing ဆိုတာက ကျွန်တော်တို့ကြားမှာ Influencer Marketing လို့လူသိများတဲ့ ကြော်ငြာ ခြင်းပုံစံတစ်မျိုးပါ။ ဒါပေမယ့် Affiliate Marketing လုပ်ဆောင်ခြင်းက Influencer Marketing ထက်များစွာကျယ်ပြန့်ပါတယ်။ Affiliate marketing ရဲ့ တစ်ကယ်အနှစ်သာရကတော့ သင့်လုပ်ငန်း(သို့) သင့်ထုတ်ကုန်ကို လူအများသိရှိလာကြပြီ အလားအလာရှိတဲ့ ဝယ်ယူသူတွေဖြစ်လာဖို့ Third Party တစ်ဦးတစ်ယောက်ဒါမှမဟုတ်  အဖွဲ့အစည်းတစ်ခုကို အခကြေးငွေပေးပြီး ကြော်ငြာခြင်းမျိုးပါ။ ဥပမာအနေနဲ့‌ပြောရရင် Food Blogger တွေကနေတစ်ဆင့် သင့်စားသောက်ဆိုင်အကြောင်း မျှဝေပေးတာမျိုး၊ နယ်ပယ်တစ်ခုမှာ အောင်မြင်တဲ့သူတွေကို သင့်ကုန်ပစ္စည်းအကြောင်း သူတို့ရဲ့ Audience ကိုပြောပြပေးစေတာမျိုးတွေပါ။

 

Social Media Marketing (SMM) 

Social Media Marketing (SMM) ကိုတော့ ကျွန်တော်တို့ အားလုံးရင်းနှီးကြပြီးသားလို့ ထင်မိပါတယ်။ အလွယ်ပြောရရင် Social Media မှာ Post တွေတင်တာတို့ Boosting တွေပြုလုပ်တာပါ။ အဲ့လိုလုပ်တာနဲ့တင်တော့ Social Media Marketing လုပ်တာ Digital Marketing လုပ်တာလို့တော့ မပြောနိုင်ပါဘူးနော်။ Social Media Marketing ရဲ့ တစ်ကယ်အနှစ်သာရကတော့ Social Media Platform တွေကို အသုံးပြုပြီး သင့်လုပ်ငန်းနဲ့ အလားလာရှိတဲ့ ဝယ်ယူသူတွေအကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ပါ။ တစ်နည်းပြောရရင်  Engagement ‌ကောင်းတွေရရှိအောင်ဖန်တီးနိုင်ဖို့ပါ။ သင့်လုပ်ငန်းကို အလားအလာရှိတဲ့ ဝယ်သူတွေက အမြဲသတိထားမိနေမှ သင့်လုပ်ငန်းရဲ့ ရောင်းအားကလည်း မြင့်တက်နေမှာပါ။

 

Search Engine Marketing

Search Engine Marketing ဆိုတာကတော့ နည်းနည်းလူအတော်အများနဲ့ အနည်းစိမ်းနေနိုင်ပါတယ်။ SEM ဆိုတာက တစ်စုံတစ်ဦးက GoogleYahoo အစရှိတဲ့ Search Engine တစ်ခုခုမှာ သင့်လုပ်ငန်းနဲ့ ပက်သတ်တဲ့ အကြောင်းအရာတစ်ခုကို ရှာဖွေ‌နေပြီ ဆိုတာနဲ့ သင်က သင့်လုပ်ငန်းကို ဦးစွာ ပြပေးဖို့ အခကြေးငွေပေးပြီး လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။

 

Search Engine Optimization (SEO) 

Search Engine Optimization (SEO) ကတော့ SEM နဲ့ အနည်းငယ်ကွဲလွဲပါတယ်။ SEO မှာက သင့်လုပ်ငန်းနဲ့ ပက်သတ်ပြီး ရှာဖွေသူကို သင့်လုပ်ငန်းကို ထိပ်ဆုံးမှာပြပေးဖို့  Google ကို အခကြေးငွေပေးရတာပါမျိုးမဟုတ်တော့ပါဘူး။ သင့်ကိုယ်တိုင် ဖန်တီးတည်ဆောက်ရတာပါ။  ဒီအကြောင်းနဲ့ ပက်သတ်လို့ အောက်က Link မှာ လေ့လာနိုင်ပါတယ် ...

 

Content Marketing 

Content Marketing ကတော့ အားလုံးကြားဖူးနားဝရှိတဲ့ စကားလုံးတစ်မျိးပါ။ တစ်ကယ့်အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ကို တော့ ‌လူအများသေချာမရှင်းလင်းကြပါဘူး။ Content Marketing ဆိုတာက ကိုယ်ရဲ့ အလားအလာရှိတဲ့ ဝယ်ယူသူတွေကို ချဉ်းကပ်တဲ့ မဟာ‌ဗျူဟာကျတဲ့ နည်းလမ်းပါ။  ဘာလို့အခုလိုပြောရတာလဲဆိုတော့ Content Marketing က  ဆောင်းပါး‌တွေ၊ ဗီဒီယိုတွေ၊ ရုပ်ပုံ၊ ဒီဇိုင်းဓာတ်ပုံ‌တွေ ဖန်တီးပြီး မျှဝေကာ  သင့်ရဲ့ အလားအလာရှိတဲ့ ဝယ်ယူသူတွေကို ဆွဲဆောင်ဖို့၊ ချိတ်ဆက်ဖို့နဲ့  ထိန်းသိမ်းဖို့အတွက် အသုံးပြုတဲ့ စျေးကွက်ရှာဖွေရေးဗျူဟာတစ်ခုဖြစ်လို့ပါ။ ဒါ့အပြင် Content Marketing သုံးပြီး ချဉ်းကပ်ရခြင်းက သင့်လုပ်ငန်း အမှတ်တံဆိပ်ကို လူအများသိရှိမှု မြင့် မားစေပါ။

 

Pay-per-click advertising 

PPC ကြော်ငြာခြင်းနည်းလမ်းကိုတော့ မြန်မာနိုင်ငံမှာတော့ လုပ်ငန်းငယ်‌‌တွေက သိပ်ပြီး အသုံးမပြုကြပါဘူး။ လုပ်ငန်းကြီးတွေကဘဲ အသုံးပိုများကြပါတယ်။ PPC (Pay-per-click advertising) ဆိုတာကတော့ သင့်ကြော်ငြာကို click တစ်ချက်နှိပ်တိုင်း သင်ဟာ အခကြေးငွေပေးဆောင်ရတာမျိုးပါ။ ဒီနည်းလမ်းကို Search Engine မှာအသုံးများပါတယ်။ ဥပမာ အနေနဲ့ သင် website တွေထဲမှာ ‌တွေ့‌နေရတဲ့ ကြော်ငြာတွေပါ။ အဲ့ကြော်ငြာတွေကို သင်က Click သွားနှိပ်လိုက်မှသာ ကြော်ငြာဖန်တီးသူက အခကြေး‌ငွေပေးရမှာပါ။

 

Email Marketing

Email Marketing က မြန်မာနိုင်ငံက လုပ်ငန်းတွေမှာ အသုံးပြုမှုအလွန်နည်းပါတယ်။ Email Marketing အဓိကအသုံးပြုရခြင်းကတော့ သင့်ရဲ့ အလားအလာရှိတဲ့ Customer တွေကို သင့်လုပ့်ငန်းရဲ့ Customer ဖြစ်လာဖို့ ပြီးတော့ Customer ဖြစ်ပြီးသား သူတွေကို Loyal Customer တွေဖြစ်လာစေဖို့ သင့်လုပ်ငန်းရဲ့ အကြောင်းတွေ ထုတ်ကုန်ပစ္စည်း ဝန်ဆောင်မှုအကြောင်းတွေကို ပေးပို့ဆက်သွယ်ပြောဆိုတဲ့ နည်းလမ်းမျိုးပါ။

 

အခုဖော်ပြတဲ့ လုပ်ငန်းစဉ်အားလုံးကို လုပ်ဆောင်ရမယ်လို့မဆိုလိုပါဘူး။ သင့်အနေနဲ့ သင့်လုပ်ငန်းနဲ့ အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းတစ်ခုနဲ့စတင်ဖို့ပါဘဲ။ ဒီအတွက် ကျွမ်းကျင်တဲ့ Marketer တစ်ဦးနဲ့ ဦးစွာတိုင်ပင်ဖို့လည်း အကြံပြုလိုပါတယ်။

Comments