ကိုယ်ပိုင်လုပ်ငန်းတစ်ခု ကို ဘယ်လိုစတင်ကြမလဲ..?
သင့်အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို စဉ်းစားနေပြီလား။ ဒါမှမဟုတ် သင်ဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေသူ တစ်ယောက်လား...?
ဒါဆိုရင်တော့ ဒီ post က သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ရနိုင်မှာပါ...
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ လုပ်ငန်းတစ်ခုစတင်တော့မယ့် Entrepreneur တစ်ယောက်အတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်ရမယ့် အချက်တွေကို အသေးစိတ်ဖော်ပြပေးသွားမှာ ဖြစ်တာကြောင့်ပါ.....
ဖော်ပြပေးသွားမယ့်အချက်အလက်တွေကတော့ အမေရိကန်နိုင်ငံရဲ့ လုပ်ငန်းငယ် တွေကို အထောက်ကူပြုပေးနေတဲ့ အဖွဲအစည်းတစ်ခုဖြစ်တဲ့ U.S Small Business Administration ရဲ့ သုတေတေ အချက်အလက်တွေကို အခြေခံကာ ကျွန်တော်တွေ့ကြုံခဲ့တဲ့ မြန်မာနိုင်ငံက SME လုပ်ငန်းရှင်အများစု အခြေအနေတွေကို ပေါင်းစပ်ရေးသား ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်..
သင့်အနေနဲ့ဒီအချက်တွေကို ကြိုတင်ပြီး စဉ်းစားပြင်ဆင်မှုတွေ မလုပ်ထားဖူးဆိုရင်တော့ သင့်လုပ်ငန်းက အောင်မြင်ဖို့ အလားအလာအလွန်နည်းသွားမှာပါ..
အဲ့ဒီချက်အလက်တွေကိုတော့ အောက်မှာ တစ်ချက်ချင်းတင်ပြပေးသွားပါမယ်..
1.သင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ဘာကြောင့်လုပ်ကိုင်ချင်တာလဲ...?
ဒီလိုမေးခွန်းမျိုးက သင့်အတွက် ရူးကြောင်ကြောင်နိုင်တဲ့ မေးခွန်းလိုမြင်ချင်မြင် နေပါလိမ့်မယ်။ စီးပွားရေးလုပ်တာ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်တယ် ဆိုတာက အကျိုးအမြတ်ရဖိုပဲပေါ့လို သင့်စိတ်ထဲမှာ တွေးကောင်းတွေးမိနေပါလိမ့်မယ်။ ဒီအချက်နဲ့တော့ သင့်ကိုယ်ပိုင်လုပ်ငန်းအောင်မြင်ဖို လုံးဝကို မလုံလောက်ပါဘူး...
2. သင် ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးကို လုပ်ကိုင်ချင်တာလဲ...?
လုပ်ငန်းတွေကို အကြမ်းမျဉ်း အားဖြင့် အမျိုးအစားခွဲမယ်ဆိုရင်တော့ သုံးမျိုးကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒါတွေကိုတော့ Treading Business ၊ Manufacturing Business နဲ့ Service Business ဆိုပြီးတော့ ခွဲခြားနိုင်ပါတယ်။ ဒီလို အမျိုးအစားတွေကစပြီး သင်လုပ်ကိုင်မယ့် လုပ်ငန်းကို အသေးစိတ်တွေးထားဖို လိုအပ်ပါတယ်။ ဒီမှာတစ်ခုသတိထားသင့်တာက လုပ်ငန်းအမျိုးအစားကို ပဲအသေးစိတ်စဉ်းစားထားဖို့ပါ။ အဲ့ဒီလုပ်ငန်းကပေးမဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေအကြောင်းကိုတော့ ဒီအဆင့်မှာ အသေးစိတ် သတ်မှတ်ထားဖို အလိုသေးပါဘူး...
3. သင့်လုပ်ငန်းရဲ့ ဖောက်သည်တွေက ဘယ်သူတွေဖြစ်မလဲ...?
သင်လုပ်ကိုင်မယ့် လုပ်ငန်းအကြောင်းကို အသေးစိတ်တွေးပြီရင်တော့ သင့်လုပ်ငန်းရဲ့ ဖောက်သည်ဖြစ်လာမယ့် လူတွေကိုလည်းစဉ်းစားထားရပါမယ်။ ဒါဟာအင်မတန်မှ အရေးကြီးတဲ့အချက် တစ်ခုပါ။ ဒီအချက်ကို မြန်မာပြည်က SME လုပ်ငန်းရှင်တော်တော် များများက မေလျော့ နေတတ်ကြပါတယ်....
4.သင့်လုပ်ငန်းကဘယ်လိုထုတ်ကုန်ဝန်ဆောင်မှုမျိုးကို ပေးမှာလဲ....?
သင်လုပ်ကိုင်မယ့်လုပ်ငန်းနဲ့ သင့်လုပ်ငန်းရဲ့ ဖောက်သည်ဖြစ်လာနိုင်တဲ့ သူတွေအကြောင်းကို အသေအချာ စဉ်းစားပြီးပြီဆိုမှ သင့်လုပ်ငန်းက သူတို့လိုအပ်တဲ့ ထုတ်ကုန်ဝန်ဆောင်မှုကို ပေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်...
5. သင့်လုပ်ငန်းကို ဘယ်နေရာမှာလုပ်မှာလဲ...?
သင်က သင့်လုပ်ငန်းကို လည်ပတ်ဖို့ အတွက် Online ကနေလုပ်ဆောင်မှာလား။ဒါမှမဟုတ် Offline ကနေစတင်လုပ်ဆောင်မှာလား။ ဒီအချက်ကိုစတင်စဉ်းစားရပါမယ်။ Online မှာလုပ်ကိုင်မယ်ဆိုရင်တော့ ဘယ် channel တွေကလုပ်ဆောင်မှာလဲ။ ဘယ်လို Social Media မျိုးမှာလဲ၊ e-commerce website တွေကလား ၊ စသဖြင့် စဉ်းစားရမှာဖြစ်သလို Offline ကနေလုပ်ကိုင်မယ်ဆိုရင်လည်း ဘယ်မြို ဘယ်နေရာမှာလုပ်ကိုင်မလဲဆိုတာကို စဉ်းစားရမှာပဲ ဖြစ်ပါတယ်..
6. သင့်လုပ်ငန်းမှာ ဝန်ထမ်းဘယ်နှစ်ယောက်ခန့်မှာလဲ...?
သင် လုပ်ငန်းလည်ပတ်ဖို့ အတွက် သင်တစ်ယောက်ထဲနဲ့တော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ ဝန်ထမ်းအင်အားကို သင့်အနေနဲ့တွက်ချက်ပြီးတော့ ဖြည့်တင်းနိုင်ဖို့ လိုပါတယ်။ အဲ့ဒီအတွက် သင့်လုပ်ငန်း လူဘယ်နှစ်ယောက်ခန့်မယ် ၊ဘယ်လိုလူတွေကို ဘယ်နေမှာမှာ ခန့်သင့်တယ်ဆိုတာကိုလည်းစဉ်းစားရမှာပါ....
7. သင့်လုပ်ငန်းကို ငွေအရင်းအနှီးဘယ်လောက်နဲ့စတင်မှာလဲ...?
လုပ်ငန်းစတင်ဖို့ အတွက် ငွေကြေးအရင်းအနှီးလိုတာကတော့ သင့်အနေနဲ့ သိနှင့်ပြီးသား ဖြစ်မှာပါ။ သင်အနေနဲ့ ဒီအချက်က No 7 နေရာရှိနေတာလဲလို မေးစရာရှိနေနိုင်ပါတယ်။ မြန်မာလူမျိုး တော်တော်များများက ငွေကြေးအရင်းအနှီးကို လိုက်ပြီး လုပ်ငန်းတွေကို စဉ်းစားနေတက်ကြပါတယ်။ ဒါကလည်း သူတိုမအောင်မြင် ခြင်းရဲ့ အကြောင်းပြချက်တစ်ချက် ပဲဖြစ်လိုပါ။ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ လုပ်ငန်းကို ရွေးချယ်ပြီးမှ အဲ့ဒီလုပ်ငန်းအတွက် ငွေကြေးအရင်းအနှီးကို စဉ်းစားသင့်ပါတယ်....
8. သင့်လုပ်ငန်းရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ...?
သင့်လုပ်ငန်းကို စတင်လုပ်ကိုင်တော့မယ်ဆိုရင်တော့ သင့်လုပ်ငန်းက ဈေးကွက်ဝေစုကို ပိုင်ဆိုင်နိုင်အောင် သင့်ပြိုင်ဘက်လုပ်ငန်းတွေနဲ့ အပြိုင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ပြိုင်ဘက်တွေက ဘယ်သူတွေလဲဆိုတာကို သက်မှတ်ထားဖို လိုအပ်ပါတယ်။
9. သင့်လုပ်ငန်းရဲ့ ပြိုင်ဘက်တွေ ရဲ့အားသာချက်နဲ့ အားနည်းချက်တွေကိုသိပြီးပြီလား...?
သင့်ရဲ့ လုပ်ငန်းပြိုင်ဖက်တွေကို သိရှိပြီးပြီဆိုရင်တော့ သူတိုနဲ့ယှဉ်ပြိုင်ပြီး ဈေးကွက်ဝေစု ယူနိုင်ဖို လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် သင့်ပြိုင်ဘက်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ သူတိုဘာတွေလုပ်ဆောင်နေကြလဲဆိုတာကို စောင့်ကြည့်နေဖိုလိုပါတယ်...
10. သင်လုပ်ငန်းက ဘယ်အချိန်မှာအမြတ်စရမှာလဲ...?
ဒီအချက်ကိုတော့ သင့်အနေနဲ့ ထူးဆန်းနေမှာပါ။ လုပ်ငန်းတစ်ခုက စတင်လည်ပတ်တဲ့ အချိန် အရှုးမရှိအောင်ဘဲ ကြိုးစားလည်ပတ်နေရမှာပါ။ အဲ့ဒီလို ကြိုးစားရင်း အချိန်တစ်ခုရောက်လာတဲ့အခါမှသာ အကျိုးအမြတ်ကို စတင်ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်း စတင်ကတည်းက သင့်လုပ်ငန်းရဲ့ အရင်းကြေအမှတ် BEP နဲ့ သင့်ရင်းနှီးမြှုပ်နှံမှုကနေရရှိလာမယ့် အကျိုးအမြတ် ROI တွေကိုပါ တစ်ပါတည်းတွက်ချက်ထားဖို့ လိုအပ်ပါတယ်....
11. သင့်စီပွားရေးကို ဘယ်လိုကြော်ငြာမှာလဲ....?
သင့်လုပ်ငန်းကို ကြော်ငြာတယ်ဆိုတာ သင့်လုပ်ငန်းအကြောင်းကို အလားအလာရှိတဲ့ customer တွေ သိရှိစေဖို ပြုလုပ်ပေးတဲ့အရာတစ်ခုပါ။ ဒါကြောင့် သင့်လုပ်ငန်နဲ့ သင့်customer တွေကိုချိတ်ဆက်ပေးနိုင်မယ် အထိရောက်ဆုံး ကြော်ငြာနည်းတွေကို စဉ်းစားထားဖို့ လိုအပ်ပါတယ်...
12. သင့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဥပဒေတွေသိပြီးပြီလား...?
သင်လုပ်ငန်းလုပ်တော့မယ်ဆိုရင် သင့်လုပ်ငန်းက တရားဝင်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ သင့်လုပ်ငန်း နဲ့ ကုန်ပစ္စည်း ဝန်ဆောင်မှုအတွက် အစိုးရရဲ့ သတ်မှတ်ထားတဲ့ ခွင့်ပြုချက် တွေရရှိမှသာ သင်အနေနဲ့ ဈေးကွက်ထဲမှာဖြန်ဖြူးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အစိုးရက ချမှတ်ထားတဲ့ ဥပဒေတွေကိုလည်း သိထားဖိုလိုအပ်ပါတယ်....
13. သင့်လုပ်ငန်းအတွက် ဘယ်က ကုန်ကြမ်းတွေဝယ်မှာလဲ...?
သင်အနေနဲ့ လုပ်ငန်းလည်ပတ်တဲ့အခါ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဘယ် supplier တွေဆီက ရယူမှာလဲ။ ဘယ်လိုလမ်းကြောင်းကနေ ပို့ဆောင်မှာလဲ အစရှိတဲ့ အချက်တွေကိုလည်းကြိုတင်လေ့လာဖို့ လိုအပ်ပါတယ်....
ဒီမေးခွန်းတွေကို သင်အနေနဲ့ ကြိုတင်စဉ်းစားပြင်ဆင်နိုင်ဖို့ အခုလိုတင်ပြပေးလိုက်ရတာ ဖြစ်ပါတယ်....
Myat Paing Soe
Comments
Post a Comment